Connect with us

Economy

One Belt And One Road ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေး

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ယန်ဟို့လန် (ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၁ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ယန်ဟို့လန် (Mr.Yang Houlan) မှ “One Belt And One Road” အား မိတ်ဆက်သည့် အခန်းဆက် သတင်း ဆောင်းပါးရှည်ကို “One Belt And One Road ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုး တိုးတက်မှုကို တွန်းအားပေး ” ဟူသည့် ခေါင်းစဉ်ဖြင့် ပြည်ထောင်စုနေ့စဉ် သတင်းစာတွင် မေလ ၃၀ ရက်နေ့မှ စတင်၍ ၃ ရက် ဆက်တိုက် ဖော်ပြခဲ့ပါသည်။

One Belt And One Road အတိုအားဖြင့် (OBOR) သည် “ပိုးလမ်းမကြီး စီးပွားရေးလမ်းကြောင်း” နှင့် “၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီး” ကို အတိုချုံး ခေါ်ဆိုထားခြင်း ဖြစ်သည်။ ၂၀၁၃ ခုနှစ် စက်တင်ဘာလ နှင့် အောက်တိုဘာလ တို့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန် က “ပိုးလမ်းမကြီးစီးပွားရေး လမ်းကြောင်းသစ်” နှင့် “၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီး” စီမံကိန်းကို အကောင်အထည်ဖော်ရန် ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါ “One Belt And One Road” စီမံချက်ကို ထုတ်ဖော် လိုက်သည်နှင့် ချက်ချင်းပင် နိုင်ငံတကာ၏ အလေးအနက် စိတ်ဝင်စားမှု ကိုရရှိခဲ့သည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် မှ ၂၀၁၃ ခုနှစ် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို တက်ရောက်စဉ်က အာဆီယံ နိုင်ငံများကို ဦးတည်သော ပင်လယ်ရေကြောင်း ပိုးလမ်းမကြီး ခင်းကျင်းပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ထွန်းစေသော မဟာဗျူဟာ ကိုတည်ဆောက်ရန် အလေးထားပြောကြားခဲ့သည်။ ထို့ပြင် One Belt And One Road စီမံချက်ကို လျင်မြန်စွာ အကောင်အထည် ဖော်ဆောင်ခြင်းသည် စီမံချက်ဖြတ်သန်းရာ နိုင်ငံများ၏ စီးပွားရေး စည်ပင်ဝပြောမှု နှင့် ဒေသတွင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အတွက် အကျိုး ဖြစ်ထွန်းစေကြောင်း ၊ မတူညီသော ယဉ်ကျေးမှုများကို ဖလှယ်ရင်း ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုှု ကို တွန်းအားပေးကာ ကမ္ဘာ့နိုင်ငံ အသီးသီးမှ ပြည်သူများကို အကျိုး ဖြစ်ထွန်းစေသော မြင့်မြတ်သော လုပ်ငန်းကြီး ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
(သတင်းဆောင်းပါး အပြည့်အစုံကို ပုံများဖြင့်ဖော်ပြထားပါသည်။)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.