Connect with us

Economy

ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက်နှင့်မျှဝေခံစားနိုင်သည့် အနာဂတ်အသိုက်အဝန်းထွန်းကားရေးဆိုင်ရာ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုအား နှစ်နိုင်ငံပညာရှင်များ ဆွေးနွေး

ရန်ကုန်မြို့၌ စက်တင်ဘာ ၂၀ ရက်တွင် ကျင်းပသည့် ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက်နှင့် မျှဝေခံစားနိုင်သည့် အနာဂတ်အသိုက်အဝန်းထွန်းကားရေးဆိုင်ရာ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု စာတမ်းဖတ်ပွဲတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပညာရှင်များ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးနေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ)

ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက်နှင့်မျှဝေခံစားနိုင်သည့် အနာဂတ်အသိုက်အဝန်းထွန်းကားရေးဆိုင်ရာ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု စာတမ်းဖတ်ပွဲအား ရန်ကုန်မြို့၌ စက်တင်ဘာ ၂၀ ရက်တွင် ကျင်းပရာ တရုတ်-မြန်မာ နှစ်နိုင်ငံမှ ပညာရှင်များ ၊ သုတေသီများ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ရန်ကုန်မြို့၌ စက်တင်ဘာ ၂၀ ရက်တွင် ကျင်းပသည့် စာတမ်းဖတ်ပွဲတွင် အဖွင့်အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက်နှင့်မျှဝေခံစားနိုင်သည့် အနာဂတ်အသိုက်အဝန်းထွန်းကားရေးဆိုင်ရာ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု စာတမ်းဖတ်ပွဲအား ရန်ကုန်မြို့၌ စက်တင်ဘာ ၂၀ ရက်တွင် ကျင်းပစဉ်(ဆင်ဟွာ)

ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက်နှင့်မျှဝေခံစားနိုင်သည့် အနာဂတ်အသိုက်အဝန်းထွန်းကားရေးဆိုင်ရာ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု စာတမ်းဖတ်ပွဲအား ရန်ကုန်မြို့၌ စက်တင်ဘာ ၂၀ ရက်တွင် ကျင်းပစဉ်(ဆင်ဟွာ)

ယင်းစာတမ်းဖတ်ပွဲအား မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် မြန်မာ့ရေးရာလေ့လာရေးဌာန ၊ ယူနန်တက္ကသိုလ်တို့က ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က “ရပ်ဝန်းနဲ့ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု တွေကနေတစ်ဆင့် နှစ်နိုင်ငံအတွက်သာမက ဒေသတွင်း ၊ ကျန်တဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုအတွက်ကိုပါ ဒီစီမံကိန်းက အားပေးမြှင့်တင်ပြီးတော့မှ အားလုံးတန်းတူညီမျှဖွံ့ဖြိုးတိုးတက်တဲ့ မျှဝေထားတဲ့ ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို တည်ဆောက်သွားကြဖို့လည်းပဲ မျှော်လင့်ထားပါတယ်”ဟု စာတမ်းဖတ်ပွဲတွင် ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က “နှစ်နိုင်ငံရဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကတော့ နှစ်နိုင်ငံလုံးမှာ ပြုပြင်ပြောင်းလဲမှုတွေ စတင်ခဲ့ကြတဲ့ ၁၉၈၀ ပြည့်လွန်ကာလတွေကနေ စပြီးတော့မှ သိသိသာသာတော့ တိုးတက်လာတာ ဖြစ်ပါတယ်။ အခုဆက်လက်ဆောင်ရွက်သွားမယ့် ရပ်ဝန်းနှင့်ပိုးလမ်းမကတော့ ဒီလိုပူးပေါင်းဆောင်ရွက်မှုတွေကို ဆထက်ထမ်းပိုး အရှိန်မြှင့်တင်ပေးနိုင်မယ့် အားကောင်းမောင်းသန် အားမြှင့်ပေးနိုင်မယ့် ကိရိယာတစ်ခု ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”ဟု ပြောကြားခဲ့သည်။

ထို့အတူ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း ဖြစ်မြောက်အောင်မြင်နိုင်မည်ဆိုပါက မြန်မာနိုင်ငံ၏ ကံကြမ္မာ နှင့် အရှေ့တောင်အာရှဒေသ တစ်ခုလုံး၏ လူမှုစီးပွားရေးဖွံ့ဖြိုးမှုကို အကြီးအကျယ် ပြောင်းလဲသွားစေနိုင်မည့် အစီအစဉ်ကြီးတစ်ခု ဖြစ်သည်ဟု မီးမောင်းထိုးပြချင်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါစာတမ်းဖတ်ပွဲတွင် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့မှ သုတေသနပညာရှင်များနှင့် သုတေသီတို့က ရပ်ဝန်းနှင့်ပိုးလမ်း အဆိုပြုချက်နှင့်စပ်လျဉ်း၍ ရှုထောင့်မျိုးစုံမှလေ့လာဆန်းစစ်ထားသည့် စာတမ်းများကို စုစည်းထုတ်ဝေထားသည့် စာအုပ်အား ယူနန်တက္ကသိုလ် မြန်မာ့ရေးရာလေ့လာရေးဌာန တွဲဖက်ပါမောက္ခ ညွှန်ကြားရေးမှူး Mr.Kong Peng က မိတ်ဆက်တင်ပြခဲ့ကြောင်း သိရသည်။

ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက်နှင့်မျှဝေခံစားနိုင်သည့် အနာဂတ်အသိုက်အဝန်းထွန်းကားရေးဆိုင်ရာ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုခေါင်းစဉ်ဖြင့် စာတမ်းဖတ်ပွဲတွင် မြန်မာ-တရုတ် ရပ်ဝန်းနှင့်လမ်းကြောင်း ပူးပေါင်းဆောင်ရွက်မှုတွင် လူမှုရေးနှင့်စီးပွားရေးဆိုင်ရာ ပေါင်းစည်းမှုကို မြှင့်တင်ခြင်း ၊ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်မည့် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်း အကောင်အထည်ဖော်ရေးနှင့် မြန်မာ-တရုတ် ဆက်ဆံရေး စသဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံမှ ပညာရှင်များ ၊ သုတေသီများ၏ စာတမ်း ၁၈ စောင်အား ဖတ်ကြားဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)