Connect with us

Politics

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ၏ မြန်မာနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ် အတွင်း ပြည်ခိုင်ဖြိုး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်း နှင့် တွေ့ဆုံ

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်းတို့တွေ့ဆုံဆွေးနွေးနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ(USDP) အထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်းတို့သည် ယနေ့ဧပြီ ၆ ရက်တွင် နေပြည်တော်ရှိ USDP ဌာနချုပ်၌ တွေ့ဆုံခဲ့သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ နှင့် ချစ်ကြည်ရေး မူဝါဒကို ဆက်လက် ကျင့်သုံးမည် ဖြစ်ပြီး ယင်းမူဝါဒသည် တရုတ်-မြန်မာ ပြည်သူတို့၏ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးမှ မြစ်ဖျားခံလာခြင်း ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ရေရှည် တည်ငြိမ်စွာ ဖွံ့ဖြိုးခြင်းသည် နှစ်နိုင်ငံ နှင့် ပြည်သူများအတွက် အကျိုး ဖြစ်ထွန်းပါကြောင်း ပြောကြားခဲ့သည်။

USDP ပါတီ အထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်းက မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့သည် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ရှိသော အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြောင်း ၊ တရုတ် ကွန်မြူနစ် ပါတီ နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီသည် ချစ်ကြည်ရေး နှင့် ဖလှယ်မှုများကို ထိန်းသိမ်းထားရှိပါကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ၏ မြန်မာနိုင်ငံ ခရီးစဉ်သည် နှစ်နိုင်ငံ နှင့် နှစ်ဘက် ပါတီအကြား၏ ဆက်ဆံရေးကို ပိုမို ဖြစ်ထွန်းစေမည်ဟု ယုံကြည်ပါကြောင်း ၊ နှစ်နိုင်ငံ စီးပွားရေး ၊ ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ပြည်သူလူထု ချစ်ကြည်ရေးအတွက် တိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးတင်နိုင်သိန်းက ပြောကြားခဲ့သည်။ (Xinhua)