Connect with us

Social

တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ မြန်မာရေ ဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ရေး ပစ္စည်းများ မြန်မာ့ တပ်မတော်ထံ လွှဲပြောင်း ပေးအပ် လှူဒါန်း

တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) မှ ရေဘေးသင့် ပြည်သူများ အတွက် ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်း များ တင်ဆောင်လာသော လေယာဉ် အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) မှ မြန်မာနိုင်ငံရှိ ရေဘေးသင့် ပြည်သူများ အတွက် ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်း အသုံးအဆောင်များ တင်ဆောင်လာသော လေယာဉ် ၂ စင်းသည် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သြဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ရောက်ရှိ လာခဲ့သည်။

မြန်မာ ရေဘေးသင့် ပြည်သူများအတွက် ယွမ်ငွေ ၁၀ သန်း တန်ဖိုးရှိ ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်း အသုံးအဆောင် များကို တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) သည် မြန်မာနိုင်ငံ တပ်မတော်မှ တဆင့် လွှဲပြောင်း ပေးအပ် လှူဒါန်းရာတွင် မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် တက်ရောက်ခဲ့ပြီး တပ်မတော်ဘက်မှ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ဥပဒေချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်က လွှဲပြောင်း လက်ခံ ရယူခဲ့သည်။

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် မှ ရေဘေး ကယ်ဆယ်ရေး ကူညီ ထောက်ပံ့ရေး ပစ္စည်း များအား မြန်မာနိုင်ငံ တပ်မတော်မှ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ဥပဒေချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် ထံသို့ လွှဲပြောင်း ပေးအပ် ခဲ့စဉ်(ဆင်ဟွာ)

တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) မှ ထောက်ပံ့ရေး ပစ္စည်း အသုံးအဆောင် များအား စုစုပေါင်း လေယာဉ် ၄ စင်းဖြင့် ပို့ဆောင် လှူဒါန်းမည် ဖြစ်ရာ ယခု ပထမ အခေါက်အဖြစ် လေယာဉ် ၂ စင်းဖြင့် အိပ်ရာ အသုံးအဆောင် ၊ မီးစက် ၊ ယာယီ နေအိမ်တဲများ တင်ဆောင် လာခဲ့ပြီး မြန်မာ့ တပ်မတော်မှ တဆင့် လွှဲပြောင်း ပေးအပ် လှူဒါန်းခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) မှ ရေဘေးသင့် ပြည်သူများ အတွက် လှူဒါန်းသည့် ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်း များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ယခု လှူဒါန်းမှုသည် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA) မှ မြန်မာ ရေဘေးသင့် ပြည်သူများ အတွက် ယွမ်ငွေ ၁၀ သန်း တန်ဖိုးရှိ ထောက်ပံ့ရေး ပစ္စည်း အသုံးအဆောင် များကို လှူဒါန်းခဲ့ခြင်း အပြင် ယခင်ကလည်း တရုတ်နိုင်ငံ အစိုးရမှ ယွမ် ၁၀ မီလီယံ ( အမေရိကန် ဒေါ်လာ ၁.၆၃ မီလီယံ) တန်ဖိုးရှိသော အရေးပေါ် ကယ်ဆယ်ရေး ထောက်ပံ့ ပစ္စည်းများအား မြန်မာနိုင်ငံက ရေဘေးသင့်ဒဏ်ခံ ပြည်သူများ အတွက် ပေးအပ် လှူဒါန်းခဲ့သည်။

မြန်မာ နိုင်ငံ တွင် ရေဘေး ဒုက္ခ ဖြစ်ပွား ချိန် မှ စတင်၍ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံး၊ ကောင်စစ်ဝန် ရုံး ၊ ယူနန်ပြည်နယ် အစိုးရ ၊ မြန်မာ နိုင်ငံရောက် တရုတ် လုပ်ငန်းရှင်များ ၊ မြန်မာ နိုင်ငံရှိ တရုတ် အသင်းအဖွဲ့ များမှ ရေဘေးသင့် ပြည်သူများ အတွက် ကူညီ ထောက်ပံ့မှု များကို တက်ကြွစွာ လုပ်ဆောင်ခဲ့ပြီး တရုတ်နိုင်ငံ Blue Sky ကယ်ဆယ်ရေး အဖွဲ့သည် မြန်မာနိုင်ငံရှိ ရေဘေးဒဏ်သင့် ရခိုင်ပြည်နယ်ရှိ စစ်တွေနှင့် ဧရာဝတီတိုင်း အင်္ဂပူနှင့် ဟင်္သာတ ဒေသများသို့ ၁၁ ရက်ကြာ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။ (Xinhua)