Connect with us

Social

တရုတ်-မြန်မာ နှစ်နိုင်ငံ ဖောင်ဒေးရှင်းများ ပူးပေါင်း၍ မျက်စိအလင်းရစေရန် အခမဲ့ ခွဲစိတ် ကုသပေးနေ

တရုတ်-မြန်မာ နှစ်နိုင်ငံ ဖောင်ဒေးရှင်းများ ပူးပေါင်း၍ မျက်စိ အခမဲ့ ခွဲစိတ် ကုသပေးနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံရှိ မျက်စိအတွင်းတိမ်ဝေဒနာ ခံစားနေရသည့် လူနာရှင်များကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးဖောင်ဒေးရှင်း (CFPD) နှင့် မြန်မာနိုင်ငံ အလင်းရောင် ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ယနေ့မှ စတင်၍ မျက်စိ အတွင်းတိမ် လူနာများအား အခမဲ့ခွဲစိတ်ကုသနေကြောင်း သိရသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ဖောင်ဒေးရှင်းများ ယခုကဲ့သို့မျက်စိ အတွင်းတိမ် အခမဲ့ခွဲစိတ်ကုသပေးခြင်းမှာ မြန်မာနိုင်ငံ၌ လေးကြိမ်မြောက် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယခုအကြိမ်တွင် တရုတ်နိုင်ငံ ကူမင်းမြို့ပထမပြည်သူ့ဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ် ပါမောက္ခ ဒေါက်တာ မီယန်းနှင့် အဖွဲ့မှ မျက်စိအတွင်းတိမ်လူနာ ၂၀၀ ဦးကို ခွဲစိတ်ကုသပေးရန် စီစဉ်ထားရှိသည်။ ပြီးခဲ့သည့်သုံးကြိမ်မြောက်အတွင်း ခွဲစိတ်ကုသခံခဲ့သူများကိုလည်း ပြန်လည်စစ်ဆေးပေးသွားရန် ရှိကြောင်း သိရသည်။

၂၀၁၅ ခုနှစ် မျက်စိ အတွင်းတိမ် အခမဲ့ ခွဲစိတ် ကုသပေးခြင်းကို သြဂုတ်လ ၁၂ ရက်မှ ၁၆ ရက်အထိ ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ်ရှိ မြို့တော် ဆေးခန်းတွင် ပြုလုပ်သွားမည်ဟု သိရသည်။

တရုတ်- မြန်မာ နှစ်နိုင်ငံ ဖောင်ဒေးရှင်း ပူးပေါင်၍ မျက်စိအခမဲ့ကုသပေးနေစဉ် (ဆင်ဟွာ)

ယခုကဲ့သို့မျက်စိအတွင်းတိမ် အခမဲ့ ကုသပေးခြင်းနှင့် ပတ်သက် ၍ ရန်ကုန်မြို့မရမ်းကုန်းမြို့နယ်၌ သီတင်းသုံးနေထိုင်သော ဆရာတော် ဦးဝိသုဒ္ဓက “ဦးဇင်းရဲ့ညာဘက် မျက်လုံးက ခွဲပြီးတာတော့ နည်းနည်းကြာပြီ။အဲဒီထဲက ဘယ်ဘက်အခြမ်းက မျက်လုံးကိုလည်း ခွဲရအုန်းမယ်ပေါ့။အခုနောက်ပိုင်းမှာ နည်းနည်း အခြေအနေဆိုးလာတယ်။ သိပ်မမြင်ရတော့ဘူး။ အဲဒါကြောင့် ဒီကို လာပြကြည့်တော့ ဒီက ဆရာဝန်တွေက ခွဲမှ ဖြစ်မယ်ဆိုပြီး ပြောတယ်။အခု တရုတ်ပြည်က ဆရာဝန်ကြီးတွေ ပါဝင်ပြီး ခွဲပေးမယ်လို့ပြောပါတယ်။အခုလို နှစ်နိုင်ငံ ဖောင်ဒေးရှင်းတွေ ပူးပေါင်းပြီး ခွဲပေးတော့ မျက်စိအလင်းရတဲ့အတွက် ကျေးဇူးလဲ တင်ပါတယ်။ ဝမ်းလဲ သာပါတယ်။အခုလို ဖွင့်ထားလို့လည်း ဦးဇင်းတို့အလွယ်တကူ လာကုနိုင်တာပါ။”ဟု မိန့်ကြားခဲ့သည်။

ရန်ကုန်မြို့လှိုင်သာယာမြို့နယ်၌ နေထိုင်သော ဒေါ်ဝင်းက “မျက်စိ အတွင်းတိမ် ဖြစ်နေတာကတော့ တစ်နှစ်ကျော်လောက် ရှိပါပြီ။အခု တရုတ်ပြည်က ဆရာဝန်တွေ ခွဲပေးမယ်လို့ပြောပါတယ်။အခုလို နှစ်နိုင်ငံ ဖောင်ဒေးရှင်းတွေ ပူးပေါင်းပြီး အခမဲ့ခွဲစိတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”ဟု ပြောသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးဖောင်ဒေးရှင်း (CFPD) နှင့် မြန်မာနိုင်ငံ အလင်းရောင် ဖောင်ဒေးရှင်းတို့လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံ ချစ်ကြည်ရေး နှင့် ဆက်ဆံရေး ရေရှည်တည်တံ့ ခိုင်မြဲစေရန် ၊ နှစ်နိုင်ငံ ပြည်သူလူထုအကြား အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှု တည်ဆောက်ရန် ၊ ပြည်သူလူထု အကျိုးပြု လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရန် တို့ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့တရုတ်-မြန်မာ နှစ်နိုင်ငံ ဖောင်ဒေးရှင်းများ ပူးပေါင်း၍ မျက်စိအတွင်းတိမ် လူနာများကို အခမဲ့ ခွဲစိတ်ကုသပေးခြင်းကို ၂၀၁၁ ခုနှစ်တွင် အတွင်းတိမ် လူနာ ၂၄၈ ဦး ၊ ၂၀၁၃ ခုနှစ်တွင် ၃၆၁ ဦး ၊ ၂၀၁၄ ခုနှစ်တွင် ၁၈၂ ဦး စုစုပေါင်း လူနာ ၇၉၁ ဦးအထိ အောင်မြင်စွာ ခွဲစိတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.