Connect with us

Social

အစိုးရသစ်ကို ဦးဆောင်မည့် နိုင်ငံတော်သမ္မတ အား ရွေးချယ်တင်မြှောက်လိုက်သည့် အတွက် မြန်မာနိုင်ငံတော် ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံရုံးမှ ဝမ်းမြောက် ဂုဏ်ပြုကြောင်း ထုတ်ပြန်

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၁၅ ရက် (ဆင်ဟွာ)

အစိုးရသစ်ကို ဦးဆောင်မည့် နိုင်ငံတော် သမ္မတအား ရွေးချယ်တင်မြှောက်လိုက်သည့် အတွက် မြန်မာနိုင်ငံတော် ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ ဝမ်းမြောက် ဂုဏ်ပြုကြောင်း သံရုံးမှ ယနေ့မတ်လ ၁၅ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့ရွေးချယ် တင်မြှောက်လိုက်သည့် အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ ဝမ်းမြောက် ဂုဏ်ပြုကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံတော် ဖွံ့ဖြိုးမှု လုပ်ငန်းစဉ်တွင် ပိုမိုကောင်းမွန်သော အောင်မြင်မှုများ ရရှိ၍ တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးသော ပူးပေါင်း ဆောင်ရွက်ရေး စဉ်ဆက်မပြတ် ဆက်လက် ဖွံ့ဖြိုး တိုးတက်နိုင်ပါစေဟု ဆုမွန်ကောင်း တောင်းလိုက်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ အကြိမ်ပြည်ထောင်စု လွှတ်တော် အစည်း အဝေးမှ ၂၀၁၆ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် အစိုးရသစ်ကို ဦးဆောင်မည့် နိုင်ငံတော် သမ္မတ အား ရွေးချယ် တင်မြှောက် လိုက်ပြီဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.