Connect with us

NPC

တရုတ်နိုင်ငံ၏ ဒုတိယအကြိမ်မြောက် CIIE တွင် ပြခန်းဧရိယာပို၍ကျယ်ဝန်းပြီး တက်ရောက်သူပိုမိုများပြားရန်ရှိ

၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ဒုတိယနှစ်ပတ်လည် အစည်းအဝေးနှင့်တွဲလျက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲသို့ စီးပွားရေးဝန်ကြီး ကျုံးဆန်း (လယ်) တက်ရောက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၉ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) အား ပို၍ ကျယ်ပြန့်သော ပြခန်းဧရိယာနှင့် ပြုလုပ်မည် ဖြစ်ပြီး နိုင်ငံများနှင့် စီးပွားရေးအဖွဲ့အစည်းများ ပိုမိုတက်ရောက်ကြမည် ဖြစ်ကြောင်း စီးပွားရေးဝန်ကြီး ကျုံးဆန်းက မတ်လ ၉ ရက်တွင် ပြောကြားလိုက်သည်။

ပြခန်းဧရိယာအား ၃၃၀,၀၀၀ စတုရန်းမီတာအထိ တိုးချဲ့သွားမည် ဖြစ်ကြောင်း ကျိုးက ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ဒုတိယနှစ်ပတ်လည် အစည်းအဝေးနှင့်တွဲလျက်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ပထမအကြိမ် CIIE တွင် ပြခန်းဧရိယာ ၃၀၀,၀၀၀ စတုရန်းမီတာရှိခဲ့သည်။

ဒုတိယအကြိမ်မြောက် CIIE ပြပွဲတွင် ထုတ်ကုန်သစ်များ၊ နည်းပညာသစ်များနှင့် ဝန်ဆောင်မှုသစ်များ ပြသသွားမည်ဖြစ်သလို ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့သော ကဏ္ဍမှပြခန်းများလည်း ပါဝင်ပြသရန် စာရင်းပေးထားကြောင်း စီးပွားရေးဝန်ကြီး ကျုံးဆန်းက ဖြည့်စွက်ပြောကြားခဲ့သည်။

CIIE ပြပွဲအတွင်း ဒုတိယအကြိမ်မြောက် ဟုန်ချောင် အပြည်ပြည်ဆိုင်ရာ စီးပွားရေးနှင့် ကုန်သွယ်ရေးဖိုရမ်ကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။ပထမအကြိမ် CIIE ပြပွဲအား ရှန်ဟိုင်းမြို့တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပခဲ့ပြီး နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၇၂ ခုနှင့် စီးပွားရေးလုပ်ငန်း ၃၆၀၀ ကျော် ပါဝင်ပြသခဲ့သည်။ ယင်းပြပွဲဥည် ကမ္ဘာ့ပထမဆုံး နိုင်ငံအဆင့် သွင်းကုန်ရည်ရွယ်သော ပြပွဲတစ်ခုဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117