Connect with us

NPC

တရုတ်-အာဖရိက ပူးပေါင်း ဆောင်ရွက်မှု က ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု အား ပိုမို မြှင့်တင်ပေး နိုင်မည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး ပြောကြား

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ အား မတ်လ ၈ ရက်နေ့၌ ကျင်းပပြုလုပ်သည့် ၁၃ကြိမ်မြောက် NPC ပထမအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲ တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က ယခုနှစ် စက်တင်ဘာလ ၌် တရုတ် နိုင်ငံ တွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေး ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ၊ အစည်းအဝေးတွင် တရုတ်-အာဖရိက အတူတကွ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု တည်ဆောက်ရေး ကို အဓိက ဆွေးနွေးသွာမည်ဖြစ်ပြီး ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ကို ပိုမို မြှင့်တင်ပေး နိုင်မည် ဖြစ်ကြောင်း မတ်လ ၈ ရက်နေ့၌ ကျင်းပပြုလုပ်သည့် ၁၃ကြိမ်မြောက် NPC ပထမအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က မီဒီယာ များ၏ မေးမြန်းမှု ကို ပြန်လည် ဖြေကြားရာတွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေး တွင် ခေတ်သစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ၊ တရုတ်-အာဖရိက ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု အတူတကွ တည်ဆောက်ရေး ၊ တရုတ်-အာဖရိက ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရေး ၊ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု အား ကုလသမဂ္ဂ ၂၀၃၀ ခုနှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် ၊ အာဖရိက သမဂ္ဂ ၂၀၆၃ ခုနှစ် အစီအစဉ် နှင့် အာဖရိက တိုက် နိုင်ငံ အသီးသီး ၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချိတ်ဆက်ရေး တို့ကို တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ် နိုင်ငံ နှင့် အာဖရိကတိုက်ရှိ နိုင်ငံများ သည် အတူတကွ အခက်အခဲ များကို ဖြတ်ကျော်ခဲဖူးသည့် အတွက် ကမ္ဘာ့အခြေအနေ မည်သို့ ပြောင်းလဲ စေကာမူ တရုတ်-အာဖရိက ချစ်ကြည်ဆက်ဆံရေး သည် ပြောင်းလဲမည် မဟုတ်ဘဲ တရုတ် နိုင်ငံ ၏ အာဖရိက တိုက်ရှိ နိုင်ငံ များ အပေါ် ထားရှိသည့် စေတနာ သည်လည်း လုံးဝပြောင်းလဲမည် မဟုတ်ကြောင်း ပြောကြား ခဲ့ဖူးသည် ဟု ဝမ်ရိ က ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်ရိ က အာဖရိကတိုက် အနေဖြင့် လက်ရှိချိန်တွင် လုံခြုံရေး ထိန်းသိမ်းရန် နှင့် ဖွံ့ဖြိုးတိုးတက်ရန် တာဝန်များ နှင့် ရင်ဆိုင်နေရပြီး တရုတ် နိုင်ငံ အနေဖြင့်လည်း အာဖရိကတိုက် ရှိ နိုင်ငံများ၏ လက်တွေ့ လိုအပ်ချက်များအပေါ် မူတည်၍ ညှိနှိုင်းဆောင်ရွက်မှုများကို ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ၊ အာဖရိကတိုက် ရှိ နိုင်ငံများနှင့် အတူ အကြမ်းဖက်နှိမ်နင်းရေး ၊ ပင်လယ်ဓါးပြ ရှင်းလင်းရေး ၊ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု များကို မြှင့်တင်သွားပြီး အာဖရိကတိုက် ရှိ နိုင်ငံများ၏ နိုင်ငံတော် ငြိမ်ချမ်းရေး နှင့် လုံခြုံရေး ထိန်းသိမ်းနိုင်မှု စွမ်းရည် ကို မြှင့်တင်ပေး သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)