Connect with us

NPC

ဝမ်ရိက ခေတ်သစ်ပိုးလမ်းမကြီးအား ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နေသည်ဟု ဆို

တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရိ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးခွန်းကို ပြန်လည်ဖြေကြားစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)

ခေတ်သစ်ပိုးလမ်းမကြီးသည် တရုတ်နိုင်ငံက အကြုံပြုထားသည့် ပွင့်လင်းမြင်သာသော အဆိုပြု ချက်ဖြစ်ရာ တူညီသောကုန်သွယ်မှု၊ တူညီသောတည်ဆောက်မှု၊ တူညီသောမျှဝေခံစားမှုမှာ ခေတ်သစ် ပိုးလမ်းမကြီးအား ဖော်ဆောင်ရာတွင်လိုက်နာရမည့် အဖိုးမဖြတ်နိုင်သောမူဘောင်ဖြစ်ကြောင်း ၊ ၎င်းမှာ ခေတ်သစ်ပိုးလမ်းမကြီးအား အတူလက်တွဲပူးပေါင်းဆောင်ရွက်ရာတွင် မျှတမှုရှိခြင်း၊ ပွင့်လင်း မြင်သာမှုရှိခြင်း ၊ အများအကျိုးဖြစ်ထွန်းမှုရှိခြင်းကို ထင်ရှားပေါ်လွင်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက မတ်လ ၈ ရက် ပေကျင်း၌ ပြောကြားခဲ့သည်။

ထို့အပြင် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်သည့်အခါ၌ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း ရေးဆွဲရာတွင်ဖြစ်စေ၊ စီမံကိန်းများကို လက်တွေ့အကောင်အထည်ဖော်ရာတွင်ဖြစ်စေ ပါဝင်ဆောင် ရွက်သူများနှင့်အတူ ဆွေးနွေးညှိနှိုင်းကာ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၊ မည်သည့် ဘက်မှ တစ်ဦးတည်းသဘောဖြစ်ဆောင်ရွက်ခြင်းမဟုတ်ဘဲ အားလုံးတန်းတူညီတူပါဝင် ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ မမြင်သာအောင် ဖုံးကွယ်ဆောင်ရွက်ခြင်းမဟုတ်ဘဲ ခိုင်မာစွာ ပွင့်ပွင့်လင်းလင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အသာရနေသူဘက်က လက်ဝါးကြီးအုပ်ခံစားနေတာမျိုးမဟုတ်ဘဲ အကျိုးတူခံစားခွင့်ရအောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဝမ်ရိက ဆိုသည်။

လွန်ခဲ့သောနှစ် မေလတွင် ကျင်းပသော ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ထိပ်သီးအစည်းအဝေးကို နိုင်ငံပေါင်း ၁၄၀ ကျော်မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြောင်း ၊ ၎င်းမှာ နိုင်ငံတကာအဖွဲ့အစည်းက ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှုအား ယုံကြည်မှု ၊အားပေးထောက်ခံမှု ဖြစ်ကြောင်း ၊ ယခုလက်ရှိ နိုင်ငံပေါင်း ၈၀ ကျော် နှင့် နိုင်ငံတကာအဖွဲ့အစည်းများက တရုတ်နိုင်ငံနှင့်အတူ ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရန် ပူးပေါင်းဆောင်ရွက်ဆိုင်ရာ သဘောတူညီမှုစာချုပ်လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း ၊ ပူးပေါင်း ဆောင်ရွက်မှုစီမံကိန်းများ ဘက်စုံအကောင်အထည်ဖော်ဆောင်ရွက်သောအခါတွင် ၎င်းဒေသရှိ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာရောက်ကြောင်း ဝမ်ရိက (၁၃)ကြိမ်မြောက် တရုတ်အမျိုးသားကွန်ဂရက် ပထမအကြိမ်အစည်းအဝေး မတ်လ ၈ ရက် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များ၏မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် ပြောကြားခဲ့ သည်။

ဆက်လက်၍ ခေတ်သစ်ပိုးလမ်းမကြီးသည် တစ်ကမ္ဘာလုံးနှင့်သက်ဆိုင်သောကြောင့် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း၊ ခေတ်သစ်ပိုးလမ်းမကြီး ဆိုသည် မှာလည်း နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းဖြစ်သောကြောင့် ဈေးကွက်၏စည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ၎င်းနှင့်စပ်လျဉ်း၍ ပြီးခဲ့သောနှစ် ထိပ်သီးဆွေးနွေးပွဲတွင် ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင်လည်း ဖော်ပြပြီးဖြစ်ကြောင်း ၊ စီးပွားရေး၊လူမှုရေး၊ဘဏ္ဍာရေးနှင့်ပတ်ဝန်းကျင်၏ပတ်သတ်ဆက်နွယ်မှုများကို ယေဘုယျအားဖြင့် စီမံထားရမည်ဖြစ်ပြီး ရေရှည်စီမံကိန်းများ တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ခေတ်သစ်ပိုးလမ်းမ ကြီးကို အတူကောင်းမွန်စွာတည်ဆောက်နိုင်ရန် နယ်ပယ်အသီးသီးမှ အကြုံပြုချက်များကိုလည်း လက်ခံကြိုဆိုကြောင်း ၊ အခြေခံအဆောက်အအုံတည်ဆောက်ရေးများကို တိုးမြှင့်ဆောင်ရွက်ရမည့် အပြင် မူဝါဒ၊စည်းမျဉ်းစည်းကမ်းနှင့် စံချိန်စံညွှန်းများကိုလည်း ရေးဆွဲရမည်ဖြစ်ကြောင်း ၊ လက်တွေ့ကျကျ ဆောင်ရွက်သည့်အပြင် အရည်အသွေးစံချိန်မြင့်မြင့်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအတွက် အကျိုးအမြတ်ဖြစ်ထွန်းအောင်ဆောင်ရွက်ရမည့်အပြင် ကမ္ဘာ့အကျိုးဖြစ်ထွန်း အောင် ပို၍ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။(Xinhua)