Connect with us

Africa & Middle East

တံတွေးနှင့် ဆီးမှတဆင့် ဇီကာဗိုင်းရပ်စ် ကူးစက်နိုင်ခြေရှိ

ဇီကာဗိုင်းရပ်စ်နှင့် မွေးရာပါ ဦးခေါင်း သေးရောဂါ ဆက်စပ်နိုင်ခြေရှိ (ဆင်ဟွာ)

ရီယို ဒီ ဂျန်နီရို၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသည့် လူနာ၏ တံတွေးနှင့် ဆီးများတွင် ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့သည့်အတွက် ၎င်းနည်း လမ်းများမှ တဆင့် ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ခြေရှိကြောင်း ဘရာဇီး သုတေသီများက ကြေညာလိုက်သည်။

အဆိုပါ ကြေညာချက်အား ဘရာဇီးနိုင်ငံ၏ ကမ္ဘာကျော် ပြည်သူ့ကျန်းမာရေး သုတေသန အဖွဲ့ Ossa Crud Foundation (Fisc) ဥက္ကဋ္ဌ ပေါ်လို ဂေဗယ် ကပြောကြားခဲ့ခြင်း ဖြစ်သည်။

အထက်ပါ ရှာဖွေတွေ့ရှိမှုအား အတည်ပြုနိုင်ရေး စမ်းသပ်မှုများစွာ ပြုလုပ်ရန် လိုအပ်ကြောင်းလည်း ဂေဗယ်က ပြောသည်။

ထိုသို့ တွေ့ရှိချက်အရ သွားပွတ်တံများ၊ ဖန်ခွက်များ စသည့် တစ်ကိုယ်ရေသုံး ပစ္စည်းများအား အချင်းချင်း မျှဝေ မသုံးစွဲကြရန်နှင့် လက်ကို အကြာခဏ ဆေးကြောသင့်ကြောင်း ဘရာဇီးကျန်းမာရေး ဝန်ကြီးဋ္ဌာနက သတိပေး ထားသည်။

ဇီကာဗိုင်းရပ်သည် ကလေးငယ်များ၌ မွေးရာပါ ဦးခေါင်းသေးရောဂါ (microcephaly) ဖြစ်နိုင်ခြေများသည့် အတွက် အထူးသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေဖြင့် လူထူထပ်သော နေရာများအား ရှောင်ရှားရန်၊ ဖန်ခွက် များ အပါအဝင် နှုတ်ခမ်းဖြင့် ထိတွေ့ရမည့် အရာများအား အခြားသူများနှင့်အတူ မျှဝေ မသုံးစွဲရန် သတိထား သင့်ကြောင်း ဖောင်ဒေးရှင်းက သတိပေးထားသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117