Connect with us

Africa & Middle East

နျူကလီးယား စွမ်းအင် ထုတ်လုပ်သည့် စက်ရုံငယ်များ တည်ဆောက်ရန် အီရန် စီစဉ်

အီရန် အနုမြူ စွမ်းအင် ဆိုင်ရာ အဖွဲ့အစည်း (AEOI) က ပြောရေးဆိုခွင့် ရှိသူ Behrouz Kamalvandi သတင်းစာ ရှင်းလင်းပွဲ တက်ရောက်နေစဉ် (ဆင်ဟွာ)

တီဟီရန် ၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

နျူးကလီးယား စွမ်းအင် ထုတ်လုပ်သည့် စက်ရုံငယ်များ လာမည့်နှစ်များတွင် တည်ဆောက်ရန် ပြင်ဆင်နေကြောင်း အီရန်၏ အနုမြူ စွမ်းအင် ဆိုင်ရာ အဖွဲ့အစည်း (AEOI) က ပြောရေးဆိုခွင့် ရှိသူ Behrouz Kamalvandi က ဧပြီလ (၁၁) ရက်တွင် ပြောကြား သည်။

လာမည့် ဆယ်စုနှစ် အတွင်း ၎င်း နျူစွမ်းအင် ထုတ်လုပ်သည့် စက်ရုံငယ် ပြီးစီးမည် ဖြစ်ကြောင်း ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလတွင် အီရန်၏ အနုမြူ စွမ်းအင် ဆိုင်ရာ အဖွဲ့အစည်း (AEOI) နှင့် ရုရှား အမျိုးသား လုံခြုံရေး နျူကလီးယား ကော်ပိုရေးရှင်း (ROSATOM) တို့ သဘောတူညီမှု လက်မှတ် ရေးထိုး ခဲ့သည်။ အနုမြူစွမ်းအင်ထုတ် စက်ရုံ နှစ်ရုံ တည်ဆောက်ရေး အတွက် ဆွေးနွေးရန် တီဟီရန်ကို Rosatom အဖွဲ့ ကိုယ်စားလှယ်များ ဧပြီလ နှောင်းပိုင်းတွင် လာရောက်နိုင်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်တွင် စတင် လည်ပတ်ခဲ့သည့် ရုရှား ကုမ္ပဏီမှ တည်ဆောက်ခဲ့သော အီရန်ရှိ ၁၀၀၀ မီဂါဝပ် Bushehr ဓာတ်ပေါင်းဖိုကို တိုးချဲ့ရန်အတွက် အီရန်တွင် အနုမြူ ဓာတ်ပေါင်းဖို နှစ်ခု တည်ဆောက်ရန် အီရန် နှင့် ရုရှား တို့ နိုဝင်ဘာလ (၁၁) ရက်တွင် သဘောတူညီ ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117