Connect with us

Africa & Middle East

ဘော့စနီးယား နှင့် ဟာဇီဂိုဗီးနားနိုင်ငံ တွင် လမ်းဆောက်လုပ်ရန်အတွက် ချေးငွေရံပုံငွေ အမေရိကန်ဒေါ်လာ ၃၉.၄၄မီလီယံ ရရှိရန် ကူဝိတ်လက်မှတ်ရေးထိုး

ဘော့စနီးယား နှင့် ဟာဇီဂိုဗီးနားနိုင်ငံ၏ မြို့တော် ဆာရာယေဗိုအားတွေ့ရစဉ် (ဆင်ဟွာ)

ကူဝိတ် ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

ဘော့စနီးယား နှင့် ဟာဇီဂိုးဗီးနားနိုင်ငံ တွင် လမ်းဆောက်လုပ်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၃၉.၄၄ သန်း (ကူဝိတ်ငွေ ၁၁.၆ သန်း) ကို ချေးရန်သဘောတူညီချက်ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။

၎င်းစီမံကိန်း၏ရည်ရွယ်ချက်သည် ဘော့စနီးယား နှင့် ဟာဇီဂိုးဗီးနား နိုင်ငံတွင် ယာဉ်ကြောပိတ်ဆို့မှု လျှော့ချနိုင်ရန် နှင့် လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း KFAED ထုတ်ပြန်ချက်တွင် ပါရှိသည်။၎င်းချေးငွေသည် ကူဝိတ် နိုင်ငံအနေဖြင့် ၅ကြိမ်မြောက်ချေးငွေကူညီခြင်းဖြစ်ကြောင်း သိရသည်။ဘော့စနီးယား နှင့် ဟာဇီဂိုဗီးနားနိုင်ငံ တွင် ရေ နှင့် မိလ္လာစီမံကိန်း အတွက် KFAED က ယခင်ကချေးငွေ နှစ်ခု ထောက်ပံ့ပေးသကဲ့သို့ ၎င်းနိုင်ငံ ၏ လမ်းပန်းဆက်သွယ်ရေစီမံကိန်းအတွက်လည်းထောက်ပံ့ ခဲ့သေးကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117