Connect with us

Africa & Middle East

မာလီနိုင်ငံအတွင်းရှိ ကျေးရွာတစ်ခု တိုက်ခိုက်ခံရ၊ အရပ်သား အနည်းဆုံး ၁၁၀ ဦး သေဆုံး

မာလီ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဗာမာကို၊ မတ် ၂၄ရက်(ဆင်ဟွာ)

မာလီနိုင်ငံ အလယ်ပိုင်း Fulani လူမျိုးစုများ နေထိုင်ရာကျေးရွာတစ်ခုတွင် မတ် ၂၃ ရက်က လက်နက်ကိုင်များ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၁၀ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမည်မသိသေနတ်သမား ၃၀ ကျော်သည် မတ် ၂၃ ရက် နံနက်ပိုင်းတွင် Mopti ဒေသ Bankass မြို့အနီး Fulaniလူမျိုးစုကျေးရွာတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ တိုက်ခိုက်မှုကြောင့် အနည်းဆုံး Fulani လူမျိုး ၁၁၀ သေဆုံးပြီး အခြားလူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း မာလီလုံခြုံရေးဌာန၏ ပြောကြားချက်အရ သိရသည်။ အချင်းဖြစ်ရွာမှာ ကျေးရွာတစ်ခုလုံး ပြာကျသွားသည်အထိ မီးရှို့ဖျက်ဆီးခံရကြောင်း မျက်မြင်သက်သေတစ်ဦးက ဆိုသည် ။

ယခုနှစ် ဇန်နဝါရီ ၁ ရက်ကလည်း Bankass မြို့အနီးရှိ Fulani လူမျိုးစုကျေးရွာကို လက်နက်ကိုင်တစ်စု ဝင်ရောက်တိုက်ခိုက်ရာ လူ ၃၇ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယခုနှစ်ပိုင်းများတွင် မာလီနိုင်ငံ အလယ်ပိုင်းဒေသ၌ လူမျိုးစု ပဋ္ဋိပက္ခများ ပိုမိုဆိုးဝါလာခဲ့ကြောင်း ၊ မွေးမြူရေးဖြင့် အသက်မွေး ဝမ်းကျောင်းပြုကြသည့် Fulani လူမျိုးစုများနှင့် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးသည့် Bambara ၊Dogonလူမျိုးစု နှစ်ခုအကြား ပဋိပက္ခများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117