Connect with us

Africa & Middle East

အီရန်၌ဆန္ဒပြမှုများဆက်လက်ဖြစ်ပွားနေ ၊ ဆန္ဒပြသမား နှင့် ရဲတပ်ဖွဲ့ဝင် ၈ ဦးထိ သေဆုံးခဲ့ရ

အီရန်နိုင်ငံ၌ Tuiserkan မြို့ ၌ အစိုးရဆန့် ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွားနေစဉ် (ဆင်ဟွာ)

တီဟီရန် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံ၌ ဆက်လက်ဖြစ်ပွားနေသည့် ဆန္ဒပြပွဲများကြောင့် အနည်းဆုံး ဆန္ဒပြသမား ၇ ဦး နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ရကြောင်း ဒေသတွင်းမီဒီယာက ဒီဇင်ဘာ ၃၁ ရက်တွင် ဖော်ပြခဲ့သည်။

Hamedan ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးSaeed Shahrokhi က နိုင်ငံပိုင်း IRINN ရုပ်မြင်သံကြားအစီအစဉ်နှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် Tuiserkan မြို့၌ ဆန္ဒပြသမားများ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။

အီရန်နိုင်ငံ Najaf Abad မြို့၌ ဖြစ်ပွားသော ဆန္ဒပြသမားများ နှင့် ရဲတပ်ဖွဲ့အဓိကရုဏ်းမှုအတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ရကြောင်း ၊ အခြား ၃ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း Tasnim သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

Doroud မြို့အုပ်ချုပ်ရေးမှူး Mashallah Nemati က အီရန်နိုင်ငံအနောက်ပိုင်း Lorestan ပြည်နယ် Doroud မြို့၌ ဖြစ်ပွားသော မငြိမ်မသက်မှုတွင် လူပေါင်း ၄ ဦးသေဆုံးခဲ့ရကြောင်း အတည်ပြုပြောကြားခဲ့သည်။

ပြီးခဲ့သော ရက်များအတွင်း အီရန်နိုင်ငံရှိ အဓိကမြို့ကြီး၌ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။ ဆန္ဒပြပွဲများသည် ပဋိပက္ခအသွင်ဆောင်ခဲ့ပြီး ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ထိပ်တိုက်တွေ့မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အတည်ခြင်းမရှိသော နိုင်ငံခြားသတင်းဌာနများ၏ ဖော်ပြချက်အရ ဆန္ဒပြပွဲများအတွင်း သေဆုံးသူ အနည်းဆုံး ၁ဝ ဦးရှိကြောင်း ဖော်ပြခဲ့သည်။(Xinhua)