Connect with us

Africa & Middle East

ယီမင်ရှိဈေးတစ်ခုတွင် ဆော်ဒီဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၀ဦးကျော်သေဆုံး

ယီမင်တွင် ယခင်က ဆော်ဒီဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့သည့် အပျက်အစီးများအားတွေ့ရစဉ် (ဆင်ဟွာ)

ဆာနား၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံရှိ ပင်လယ်နီဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သော Hodeidah မြို့ရှိ လူစည်ကားသော ဈေးတစ်ခု နှင့် ဓါတ်ဆီဆိုင်တစ်ဆိုင်ကို ဆော်ဒီဦးဆောင်သော မဟာမိတ်တပ်ဖွဲ့များက ဇန်နဝါရီ ၁ရက်တွင် လေကြောင်းတိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့၍ အနည်းဆုံးလူ ၂၀ဦးသေဆုံးခဲ့ကြောင်း ဒေသခံလုံခြုံရေးတာဝန်ရှိသူများ နှင့် ဆေးအဖွဲ့များက ပြောကြားခဲ့သည်။

ယင်းတိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ပထမဆုံးလေကြောင်းတိုက်ခိုက်မှုသည် ဓါတ်ဆီဆိုင်အား ထိမှန်ခဲ့ပြီး အနီးအနား al-Jarrahi ခရိုင်ရှိ ဈေးသို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း၊ ထို့နောက် ဈေးအား လေကြောင်း တိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ဖုန်းဖြင့်ဖြေကြားခဲ့သည်။

Hodeidah ဆေးရုံရှိ ဆေးအဖွဲ့တစ်ခုက ဒဏ်ရာရရှိသူတစ်ချို့သည် အခြေအနေစိုးရိမ်ရသောကြောင့် သေဆုံးသူဦးရေ မြင့်တက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးဝန်ထမ်းများက အပျက်အစီးများအောက်တွင် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

ယီမင်တွင် စစ်ပွဲစတင်ဖြစ်ပွားခဲ့သည့် လွန်ခဲ့သော သုံးနှစ်မှစ၍ အမေရိကန်ကကျောထောက်နောက်ခံ ပေးထားသော ဆော်ဒီဦးဆောင်သည့်မဟာမိတ်အဖွဲ့ က ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများအနက် ယခုတိုက်ခိုက်မှုသည် နောက်ဆုံးဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၃၀ရက်တွင်လည်း အလားတူ ဆိပ်ကမ်းမြို့၏ လူထူထပ်သော စားသောက်ဆိုင်တစ်ခု အနီးတွင် ခရီးသည်အပြည့်ပါလာသည့် တက္ကဆီ ၃စီး ကို မဟာမိတ်ဂျက်လေယာဉ်များက တိုက်ခိုက်ခဲ့၍ အနည်းဆုံးလူ ၂၀ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယီမင်နိုင်ငံအတွင်း စစ်ပွဲကြောင့် အရပ်သား ၁၀,၀၀၀ကျော်သေဆုံးခဲ့ပြီး အများစုမှာ ကလေးငယ်များဖြစ်ပြီး လူပေါင်း ၃သန်းကျော် နေရပ်စွန့်ခွာထွက်ပေးခဲ့ရကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117