Connect with us

Africa & Middle East

ဂျော်ဒန် ဘုရင်၏ နယူးဇီလန် ခရီးစဉ်အတွင်း အရှေ့အလယ်ပိုင်းအရေး ဆွေးနွေးမည်

ဂျော်ဒန် ဘုရင် အဗ္ဗဒူလ်လာ ၂ အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝဲလ်လင်တန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ေ၈ျာ်ဒန်ဘုရင် အဗ္ဗဒူလ်လာ ၂ သည် အီရတ်ရှိ အိုင်အက်စ် အကြမ်းဖက်သူများအား ဆန့်ကျင် တိုက်ဖျက်ရေး အပါအဝင် အရှေ့အလယ်ပိုင်းအရေး ကိစ္စများ ဆွေးနွေးရန် ယခုလအတွင်း နယူးဇီလန်သို့ တရားဝင်ချစ်ကြည်ရေး ခရီးလာရောက်မည် ဖြစ်ကြောင်း နယူးဇီလန် ဝန်ကြီးချုပ် ဂျွန်ကီးက နိုဝင်ဘာလ ၁၆ ရက်က ပြောကြားလိုက်သည်။

“နယူးဇီလန်နဲ့ ဂျော်ဒန်တို့ဟာ ခိုင်မာတဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ရှိခဲ့တယ်၊ ပြီးခဲ့တဲ့နှစ်က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ တာဝန်အတူထမ်းဆောင်ရင်း ဆက်ဆံရေးတွေ ပိုမိုနီးကပ်ခဲ့တယ်” ဟု ကီးက သတင်းထုတ်ပြန်ချက်၌ ပြောကြားထားသည်။

ဘုရင် အဗ္ဗဒူလ်လာ၏ ခရီးစဉ်တွင် ဆီးရီးယား၊ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ အီရတ်နှင့် ISIL နိုင်ငံများ နယ်စပ် ဆန့်ကျင်ရေးလုပ်ငန်းအား တန်ပြန်လုပ်ဆောင်မှု အပါအဝင် အရှေ့အလယ်ပိုင်းအရေးအပေါ် ဂျော်ဒန်၏ အရေးပါသည့် အမြင် သဘောထားအား ကြားခွင့်ရမည် ဖြစ်ကြောင်း သိရသည်။

စစ်လေယာဉ်မှူးဟောင်းနှင့် ဂျော်ဒန် အထူးတပ်ဖွဲ့ တပ်မှူးဟောင်း တစ်ဦးဖြစ်သူ ဘုရင် အဗ္ဗဒူလ်လာသည် နိုဝင်ဘာလ ၂၈ ရက်မှ ၃၀ ရက်အထိ သွားရောက်မည့် ခရီးစဉ်အတွင်း နယူးဇီလန် ကာကွယ်ရေး စစ်တပ် လေ့ကျင့်ရေး နေရာ တစ်ခုသို့လည်း သွားရောက်လည်ပတ်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.