Connect with us

Africa & Middle East

ကဘူးလ် အသေခံ ဗုံးဖောက်ခွဲမှု လူ ၄ ဦး သေဆုံး၊ ၁၁ ဦး ဒဏ်ရာရ

ကဘူးလ်တွင် အသေခံ ဗုံးခွဲခံရသည့် ဘတ်စ်ကား တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ကဘူးလ်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်၌ နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် အသေခံ ဗုံးဖောက်ခွဲမှုကြောင့် သေဆုံးသူ ၄ ဦးအထိ ရှိလာပြီး ဒဏ်ရာရရှိသူ ၁၁ ဦးရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၁၆ ရက် ဒေသစံတော်ချိန် နံနက် ၈း၀၀ နာရီဝန်းကျင်က အသေခံ ဗုံးဖောက်ခွဲသူ တစ်ဦးသည် ကာကွယ်ရေး ဝန်ကြီးဋ္ဌာနအနီး Pul-e-Mahmoud Khan နယ်မြေရှိ ယာဉ် တစ်စင်း နံဘေး၌ ဗုံးဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Sediq Sediqi က ပြောသည်။

စုံစမ်းစစ်ဆေးရေး လုပ်ငန်းများ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်းကိုသာ ပြောကြားခဲ့ပြီး အသေးစိတ် အကြောင်းအရာများအား ၎င်းက ပြောကြားထားခြင်း မရှိပေ။

ပြည်ထဲရေး ဝန်ကြီးဋ္ဌာနမှ ကြေညာချက် ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း အခင်းဖြစ်ပွားရာ နေရာ၌ ရှိနေသည့် အမည်မဖော်လိုသူ အရာရှိ တစ်ဦးကမူ နိုင်ငံ၏ သူလျှို အေဂျင်စီ တစ်ခုဖြစ်သည့် အမျိုးသား လုံခြုံရေး ဦးစီးဋ္ဌာန (NDS) ၏ အဖွဲ့ဝင်များ လိုက်ပါလာသည့် မီနီဘတ်စ်ကား တစ်စီးအား ဦးတည် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့ လက်ချက်ဖြစ်ကြောင်း ပြောကြားထားခြင်း မရှိသေးပေ။ အခင်း ဖြစ်ပွားသည့်နေရာအား ရဲတပ်ဖွဲ့က ပိတ်ထားသလို သတင်းထောက်များကိုလည်း သတင်း ဝင်ရောက်ယူခွင့် ပိတ်ပင်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.