Connect with us

Africa & Middle East

အီရန် က အမေရိကန်နိုင်ငံသားများကို ပြည်ဝင်ခွင့်ပေးတော့မည်မဟုတ်ဟု နိုင်ငံခြားရေးဝန်ကြီးပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏မူဆလင် ၇နိုင်ငံအပေါ် ပြည်ဝင်ခွင့်တားမြစ်မှုအား ဆန့်ကျင်ဆန္ဒပြနေသူများအားတွေ့ရစဉ် (ဆင်ဟွာ/AFP)

တီဟီရန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံက မူဆလင်နိုင်ငံ ၇နိုင်ငံမှ နိုင်ငံသားများအား မကြာသေးမီက ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်လိုက်ခြင်းကို တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံ က အမေရိကန်နိုင်ငံသားများအား ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးခြင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဇန်နဝါရီ ၃၁ရက်ကပြောကြားခဲ့သည်။

“အမေရိကန်နိုင်ငံသားတွေအတွက် ဗီဇာမထုတ်ပေးတော့ပါဘူး။ ဒါပေမယ့် အီရန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန နဲ့ပတ်သက်နေတဲ့ ကော်မတီတစ်ခုကို ကိုယ်စားပြုနေတဲ့ ကိစ္စရပ်တွေများ ပါဝင်နေတဲ့ အချို့အမေရိကန်တွေအတွက်တော့ ခြွင်းချက်အနေနဲ့ ဆောင်ရွက်ပေးသွားမှာပါ” ဟု အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက် ဇာရပ်ဖ် ၏ပြောကြားချက်ကို ကိုးကား၍ Fars သတင်းဋ္ဌာန ကဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် အကြမ်းဖက်မှုများလျှော့ချရန် အကြောင်းပြချက်ဖြင့် အီရန်နိုင်ငံအပါအဝင် မူဆလင်နိုင်ငံ ၇နိုင်ငံ မှနိုင်ငံသားများအား ပြည်ဝင်ခွင့် တင်းကျပ်သည့် သမ္မတအမိန့်ကို ဇန်နဝါရီ ၂၄ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.