Connect with us

Asia

ဂျပန်အလယ်ပိုင်းတွင် လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့၍ လိုက်ပါလာသူ ၄ဦးစလုံး သေဆုံး

Cessna 172 အမျိုးအစား လေယာဉ်ငယ်တစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ ဇွန် ၄ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံအလယ်ပိုင်း တိုရာမစီရင်စု ရှိ တောင်ထူထပ်သော ဧရိယာတစ်ခုတွင် ဇွန်လ ၃ ရက် နေ့လည်ပိုင်းက လူ ၄ဦးလိုက်ပါလာသော အင်ဂျင်တစ်လုံးတပ် လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ ကပြောကြားခဲ့သည်။

လေယာဉ်ပျံ၏ အပျက်အစီးများအား ပျက်ကျပြီးနောက်တစ်ရက်၌ ဂျပန်နိုင်ငံမြောက်ပိုင်းရှိ တောင်တန်း တစ်ခုတွင် ဇွန်လ ၄ ရက်က ရှာဖွေတွေ့ရှိခဲ့သည်။ လေယာဉ်ပေါ်တွင်လိုက်ပါလာသူ ၄ဦးအား ရဟတ်ယာဉ်ဖြင့် ဆေးရုံတစ်ခုသို့ပို့ဆောင်ပေးခဲ့ပြီးနောက် ၎င်းတို့အားလုံးသေဆုံးသွားကြောင်း အတည်ပြုချက်ရရှိခဲ့သည်။Cessna 172P လေယာဉ်သည် တိုရာမ လေဆိပ်မှ ဒေသစံတော်ချိန် ညနေ ၂း၂၃နာရီတွင် ထွက်ခွာလာခဲ့ပြီး နောက်ထပ် တစ်နာရီအတွင်း အိမ်နီးချင်း နာဂါနိုစီရင်စု ရှိ မာစွတ်မိုတိုလေဆိပ်သို့ ဆိုက်ရောက်ရန် အစီအစဉ်ဆွဲထားကြောင်း ပြည်တွင်း သတင်းဖော်ပြချက်များအရ သိရသည်။

လေယာဉ်ပျက်ကျရာတွင် ပါဝင်သည့် ခရီးသည်များအနက် တစ်ဦးဟု ယူဆရသော အမျိုးသားတစ်ဦးက ဒေသစံတော်ချိန် ညနေ ၃း၀၀နာရီတွင် ရဲတပ်ဖွဲ့ထံသို့ အရေးပေါ်ဖုန်းခေါ်ဆိုခဲ့ကြောင်း သတင်းများကဖော်ပြခဲ့သည်။အဆိုပါအမျိုးသားက လေယာဉ်ပေါ်တွင် လေယာဉ်မှူး တစ်ဦးအပါအဝင် လူ ၄ဦးလိုက်ပါလာကြောင်း နှင့် ၎င်းတို့အနက် ၂ဦးမှာ သတိမေ့မျောနေကြောင်း ပြောကြားခဲ့သည်။ရဲတပ်ဖွဲ့က ယင်းအမျိုးသား၏ လက်ကိုင်ဖုန်းအား ပြန်လည်ခေါ်ဆိုခဲ့သော်လည်း ဖြေကြားခြင်းမရှိကြောင်း သိရသည်။တောင်ထူထပ်သော ဧရိယာ၏ ညအပူချိန် သည် အလွန်နည်းပါးနေသည့်အတွက် ဇွန်လ ၃ရက်နေ့ ညပိုင်းတွင် လေယာဉ်ပျက်နှင့် ခရီးသည်များအား ရှာဖွေကယ်ဆယ်ခြင်းကို ရပ်ဆိုင်းထားခဲ့ရပြီး ဇွန်လ ၄ ရက် နံနက်ပိုင်းမှသာ ပြန်လည်စတင်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)