Connect with us

Asia

ထရမ့်နှင့် ကင်ဂျုံအမ်တို့ သီတင်းပတ် သုံးပတ် သို့မဟုတ် လေးပတ်အတွင်း တွေ့မည်ဟုဆို

ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေး၌ တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် (ယာ) နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်တို့ လက်ဆွဲနှုတ်ဆက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းနှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်တို့၏ တွေ့ဆုံပွဲသည် လာမည့် သီတင်းပတ် သုံးပတ် သို့မဟုတ် လေးပတ်အတွင်း ဖြစ်နိုင်ကြောင်း ဧပြီလ ၂၈ ရက်က မီချီဂန်ပြည်နယ်၌ ရှိနေစဉ် ထရမ့်က ပြောကြားခဲ့သည်။

“အဲဒီတွေ့ဆုံပွဲက ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေးအတွက် အရေးကြီးပါတယ်” ဟု ထရမ့်က ပြောခဲ့သည်။ထရမ့်သည် ဧပြီလ ၂၈ ရက် အစောပိုင်းက တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်၊ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့နှင့် တယ်လီဖုန်းမှတစ်ဆင့် ကိုရီးယားကျွန်းဆယ်၏ နောက်ဆုံးဖွံ့ဖြိုးတိုးတက်မှုအား ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က ကြေညာခဲ့သည်။

မွန်နှင့် ကင်ဂျုံအမ်တို့အကြား ဧပြီလ ၂၇ ရက်က ပြုလုပ်ခဲ့သည့် ကိုရီးယားနှစ်နိုင်ငံ အစည်းအဝေးနှင့် ပတ်သက်၍လည်း ထရမ့်နှင့် မွန်တို့ ဆွေးနွေးခဲ့ကြသည်။ထို့ပြင် ထရမ့်က ဂျပန်နိုင်ငံ ဝန်ကြီးချုပ် အာဘေးနှင့် ပြောဆိုရာတွင်လည်း လက်နက်များအားလုံး ဖျက်ဆီးရန်နှင့် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် အစီအစဉ်များ အဆုံးသတ်ရန် မြောက်ကိုရီးယားနိုင်ငံအတွက် လိုအပ်ချက်များအား ထပ်လောင်းပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117