Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ သေနတ်သမား လက်နက်ချ အညံ့ခံ ၊ ဓားစာခံအားလုံး ပြန်လည် လွတ်မြောက်လာ

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ဓားစာခံကယ်တင်ရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ မတ် ၃ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်၌ မတ် ၂ ရက်တွင် သေနတ်သမားတစ်ဦးက ဓားစာခံများအား ၁၀ နာရီကြာ ဖမ်းဆီးထားသော ဖြစ်စဉ်တစ်ခုကို ရဲတပ်ဖွဲ့က အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ကြောင်း နှင့် အဆိုပါသေနတ်သမားသည် ဓားစာခံအားလုံးကို ပြန်လည်လွှတ်ပေးလိုက်သလို ၎င်းကိုယ်တိုင်လက်နက်ချ အညံ့ခံခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။

ဓားစာခံများဖမ်းဆီးခဲ့သူမှာ Archie Paray ဆိုသူဖြစ်ပြီး ၎င်းသည် မနီလာမြို့တော် San Juan ရှိ V-Mall ဈေးဝယ်စင်တာ၏ လုံခြုံရေးဝန်ထမ်းဟောင်းတစ်ဦးဖြစ်ကြောင်း ၊ ၎င်းသည် ဒေသစံတော်ချိန် ည ၈ နာရီ ၁၈ မိနစ်တွင် ရဲတပ်ဖွဲ့ထံ လက်နက်ချအညံ့ခံခဲ့ပြီး အဆောက်အဦအပြင်ဘက်သို့ ထွက်လာခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ဓားစာခံကယ်တင်ရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ဓားစာခံကယ်တင်ရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

သေနတ်သမားက ဓားစာခံအားလုံးကို ဈေးဝယ်စင်တာအတွင်းမှ ထွက်ခွာခွင့်ပြုခဲ့ကြောင်း နှင့် ၎င်း၏ ပစ္စတိုသေနတ် နှင့် လက်ပစ်ဗုံးများကို စင်တာအတွင်း ထားရှိ၍ လက်ဗလာဖြင့် အပြင်ထွက်လာရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ဖြစ်စဉ်မှာ Paray သည် ဖိလစ်ပိုင်ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ဈေးဝယ်စင်တာထဲဝင်ရောက်သွားခဲ့ကြောင်း ၊ ယင်းနောက် စင်တာလုံခြုံရေးဝန်ထမ်းတစ်ဦးကို ပစ်ခတ်ခဲ့ပြီး လူပေါင်း ၃၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117