Connect with us

Asia

ယီမင်နိုင်ငံတွင် အမေရိကန် စစ်ဘက်မောင်းသူမဲ့လေယာဉ် ပစ်ချခံရ

ပစ်ချခံရသော အမေရိကန် စစ်ဘက်မောင်းသူမဲ့ MQ-9မော်ဒယ်လေယာဉ်အမျိုးအစား တစ်စီးအားတွေ့ရစဉ်(အင်တာနက်)

ဝါရှင်တန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံတွင် သြဂုတ်လ ၂၀ ရက်က အမေရိကန် စစ်ဘက်မောင်းသူမဲ့လေယာဉ်တစ်စီးအား ပစ်ချခံခဲ့ရကြောင်း အမေရိကန်အရာရှိသူများက သြဂုတ်လ ၂၁ ရက်တွင် ပြောကြားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ယီမင်လေပိုင်နက်အတွင်း လူလိုက်ပါခြင်းမရှိသော မောင်းသူမဲ့လေယာဉ်ကို အီရန် ကျောထောက်နောက်ခံပြု ဟူသီစစ်သွေးကြွတပ်ဖွဲ့များက တိုက်ခိုက်ခဲ့မှုအပေါ် စုံစမ်းစစ်ဆေးနေကြောင်း ကြေညာချက်တစ်ရပ်တွင် အမေရိကန် ဗဟိုစစ်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယင်း မောင်းသူမဲ့လေယာဉ်သည် MQ-9မော်ဒယ်ဖြစ်ပြီး မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ဖြင့် ပစ်ချခံခဲ့ရသည်ဟု ယုံကြည်ကြောင်း သိရသည်။

ယီမင်နိုင်ငံ၏ အလယ်ပိုင်းပြည်နယ် Dhamarတွင် သြဂုတ် ၂၀ရက် ညပိုင်းက မောင်းသူမဲ့လေယာဉ် MQ-9ကို ပစ်ချခဲ့ကြောင်း ယီမင်နိုင်ငံ၏ ဟူသီစစ်သွေးကြွတပ်ဖွဲ့များက ပြောကြားခဲ့ကြောင်း Houthi-run al-Masirah TVတွင် ဖော်ပြခဲ့သည်။

အမေရိကန်မောင်းသူမဲ့လေယာဉ်တစ်စီးကို ပြည်တွင်းလုပ် ဒုံးကျည်ဖြင့် ပစ်ချခဲ့ကြောင်း ဟူသီအုပ်စု၏ စစ်ဘက် ပြောရေးဆိုခွင့်ရှိသူ Yahya Sareaက တီဗီအစီစဉ်၏ ထုတ်ပြန်ချက်ကို ကိုးကားပြောကြားခဲ့သည်။

ဇွန်လအတွင်းကလည်း MQ-9 မောင်းသူမဲ့လေယာဉ်တစ်စီးကို ယီမင်နိုင်ငံ၌ ပစ်ချခံခဲ့ရာ အဆိုပါ ပစ်ချမှုတွင် အီရန်ပါဝင်ပတ်သက်ကြောင်း အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ်က ပြောကြားခဲ့သော်လည်း အီရန်နိုင်ငံက ငြင်းဆန်ခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117