Connect with us

Asia

သီရိလင်္ကာနိုင်ငံသမ္မတ က ကမ္ဘာ့နိုင်ငံအသီးသီးမှ ရင်းနှီးမြှုပ်နှံသူများအား ကိုလံဘို ဆိပ်ကမ်းမြို့တွင် လာရောက် ရင်းနှီးမြှုပ်နှံရန် မျှော်လင့်ထားဟု ဆို

သီရိလင်္ကာနိုင်ငံ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ပြည်ထောင်စုဝန်ကြီး Tharaka Balasuriya (ဝဲမှ၄) က ကိုလံဘိုဆိပ်ကမ်းမြို့ စီမံကိန်းအား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၈ ရက်၌ လာရောက်လေ့လာစဉ်(ဆင်ဟွာ)

ကိုလံဘို ၊ ဇွန် ၈ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapaksa က ကိုလံဘိုဆိပ်ကမ်းမြို့အား အရေးပါသည့် ဝန်ဆောင်မှုလုပ်ငန်း အချက်အချာအဖြစ် တည်ဆောက်သွားမည်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီး မှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဆိပ်ကမ်းမြို့တွင် လာရောက်၍ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို အသုံးချရန် မျှော်လင့်ကြောင်း ဇွန်လ ၇ ရက်၌ ပြောကြားခဲ့သည်။သီရိလင်္ကာနိုင်ငံ သမ္မတ က ၂၀၂၁ ခုနှစ် သီရိလင်္ကာ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်၌ မိန်ခွန်းပြောကြားရာတွင် မိမိတို့အနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ စီးပွားရေးနယ်ပယ်မှခေါင်းဆောင်များအား သီရိလင်္ကာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ဖိတ်ခေါ်ကြောင်း ၊ ဆိပ်ကမ်းမြို့ကို အပြည့်အဝ အသုံးပြု၍ ရင်းနှီးမြှုပ်နှံသူများအတွက် တမူထူးခြားသည့် အားသာချက်နှင့် အခွင့်အလမ်းများစွာ ဖန်တီးပေးသွားမည်ဖြစ်ကြောင်း ၊ သီရိလင်္ကာနိုင်ငံ အစိုးရအနေဖြင့် အကြီးမားဆုံးကြိုးပမ်းဆောင်ရွက်မှု ပြုလုပ်၍ ရင်းနှီးမြှုပ်နှံမှုအတွက် အကျိုးရှိသော ပတ်ဝန်းကျင်းကို ဖန်တီးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် Gotabaya Rajapaksa က သီရိလင်္ကာနိုင်ငံမြို့တော် ကိုလံဘိုသည် ဆွဲဆောင်မှုအရှိဆုံး နှင့် နေထိုင်ရန် အသင့်တော်ဆုံး မြို့များထဲတွင်တစ်မြို့ အပါအဝင်ဖြစ်ကြောင်း ၊ ကိုလံဘိုဆိပ်ကမ်းမြို့ အနေဖြင့် ကမ္ဘာ့နှင့်ချီ၍ အဆင့်ရှိသည့် လူနေအိမ်ရာများ ၊ စီးပွားရေးလုပ်ငန်းများ ၊ လူမှုရေး နှင့် အပန်းဖြေ အဆောက်အဦများ ဖြည့်စွက်၍ ယင်းမြို့အတွက် ပိုမိုများပြားသည့် အခွင့်အလမ်းများကို ဖန်တီးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံ လွှတ်တော်က မေ ၂၀ ရက်၌ အစိုးရမှ အဆိုပြုခဲ့သည့် “ကိုလံဘိုဆိပ်ကမ်းမြို့ စီးပွားရေးကော်မတီ ဥပဒေအဆိုပြုချက်”ကို မဲခွဲ၍ အတည်ပြုပေးခဲ့သည်။ ဥပဒေအဆိုပြုချက်အရ ကိုလံဘိုဆိပ်ကမ်းမြို့တွင် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် လုပ်ငန်းကုမ္ပဏီ နှင့် လူပုဂ္ဂိုလ်များ အတွက် အထူးကင်းလွတ်ခွင့် လျှော့ပေါ့ခြင်း မူဝါဒကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး စစ်ဆေးမှုလုပ်ငန်းစဉ်ကို လွယ်ကူအောင်ဆောင်ရွက်မည်ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှု အဆင်ပြေစေရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapaksa က သီရိလင်္ကာနိုင်ငံအနေဖြင့် အစီအစဉ်တစ်ခုကို ဆောင်ရွက်နေပြီး လာမည့် ၁၀ နှစ်အတွင်း ပုံစံပြောင်းလဲမှု နှင့် လျင်မြန်စွာတိုးတက်မှုတို့ကို ဖော်ဆောင်နိုင်အောင်ဆောင်ရွက်နေကြောင်း ၊ ၂၀၃၀ ပြည့်နှစ်တွင် လူတစ်ဦးချင်းစီ၏ ပျှမ်းမျှ GDP ကို တစ်ဆ တိုးပွားရန်ဆောင်ရွက်နေပြီး အမေရိကန်ဒေါ်လာ ၈,၀၀၀ ခန့်အထိရောက်ရှိအောင် ဆောင်ရွက်နေကြောင်း ၊ အစိုးရ အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုနယ်ပယ် အားပေးမှု တို့ကို အလေးထားဆောင်ရွက်နေပြီး စက်မှုစိုက်ပျိုးရေး ၊ နေစွမ်းအင် ၊ လေစွမ်းအင် ၊ ကုန်ထုတ်လုပ်မှု ၊ ဆက်သွယ်ရေးနည်းပညာ နှင့် ခရီးသွားလုပ်ငန်းစသည်တို့လည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဖိုရမ်အား နှစ်စဉ်ပုံမှန် ကျင်းပလေ့ရှိသည်။ ယခုနှစ်ကျင်းပသည့် ဖိုရမ်ကို ၃ ရက်တာ ကျင်းပပြုလုပ်ခဲ့ပြီး အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၊ သီရိလင်္ကာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဌာန ၊ Ceylon ကုန်သည်ကြီးများအသင်း နှင့် ကိုလံဘို စတော့အိပ်ချိန်း တို့မှ ဦးစီးကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီး မှ အရည်အသွေးမြင့် ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်နိုင်ရန်အတွက် ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)
…………………………………………
(Chinese Version)

(经济)斯里兰卡总统说科伦坡港口城期待全球投资者

新华社科伦坡6月8日电(记者唐璐)斯里兰卡总统戈塔巴雅•拉贾帕克萨7日表示,科伦坡港口城将被打造成关键的服务业枢纽,期待世界各地投资者利用港口城的投资机会。

戈塔巴雅在2021年斯里兰卡投资论坛开幕式上致辞时说:“我们鼓励各国商界领袖来斯里兰卡投资,充分利用港口城为投资者带来的独特优势和众多机遇。”他强调,斯里兰卡政府将尽最大努力,为投资创造有利环境。

戈塔巴雅表示,斯里兰卡首都科伦坡是该地区最具吸引力和最宜居的城市之一,科伦坡港口城将通过增加世界级的住宅、商业、社交和娱乐设施为这座城市带来更多机遇。

斯里兰卡议会5月20日投票通过政府提交的《科伦坡港口城经济委员会法案》。在该法案下,科伦坡港口城将为符合条件的企业和个人提供税收减免政策,简化行政审批手续,提升投资便利度。

戈塔巴雅表示,斯里兰卡正在实施一项计划,争取十年内实现转型和快速增长,到2030年人均国内生产总值翻一番,达到约8000美元。他介绍了政府重点发展和鼓励投资的领域,包括有机农业、太阳能和风能、制造业、信息技术、旅游业等。
斯里兰卡投资论坛每年举行一次。今年论坛为期三天,采取线上形式,由斯里兰卡投资局、锡兰商会和科伦坡证券交易所共同主办,旨在吸引世界各地的高质量投资者。(完)

Photo
9月8日,斯里兰卡区域合作国务部长巴拉苏里亚(左四)参访科伦坡港口城项目。新华社记者 唐璐 摄