Connect with us

Asia

အိန္ဒိယနိုင်ငံတွင် ဘတ်စ်ကားနှင့် ထရပ်ကားဝင်တိုက်မှုကြောင့် လူ ၈ ဦးသေဆုံး၊ ၃၀ ဒဏ်ရာရ

အိန္ဒိယနိုင်ငံ ဂရိတ်တာနွိုက်ဒါမြို့ရှိ ယမူနာအဝေးပြေးလမ်းပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ မတ် ၂၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဒေလီမြို့စွန်တွင် မတ်လ ၂၉ ရက် နံနက်ပိုင်းက ဘတ်စ်ကားတစ်စီးနှင့် ထရပ်ကားတစ်စီး ဝင်တိုက်မှုကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး အခြားသူ ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုမှာ ဂရိတ်တာနွိုက်ဒါမြို့ရှိ ယမူနာအဝေးပြေးလမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။“ဒီနေ့မနက် ဒေသစံတော်ချိန် ၅း၀၀ နာရီဝန်းကျင်က အဝေးပြေးလမ်းပေါ်မှာ ခရီးသည်များတင်ဆောင်လာတဲ့ နှစ်ထပ်ဘတ်စ်ကားက ထရပ်ကားကို ဝင်တိုက်ခဲ့ပြီး လူ ၈ ဦး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးကာ လူ ၃၀ ဒဏ်ရာရခဲ့တယ်” ဟု ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။၎င်းက ဆက်၍ “ဒဏ်ရာရသူတွေကို အနီးဆုံးဆေးရုံကိုပို့ခဲ့ပါတယ်။ ဒဏ်ရာရသူတချို့က စိုးရိမ်ရတယ်” ဟု ပြောကြားခဲ့သည်။သေဆုံးအရေအတွက် တိုးလာဖွယ်ရှိကြောင်း ရဲအရာရှိများက ပြောကြားခဲ့သည်။ (Xinhua)