Connect with us

Asia

အိန္ဒိယ နိုင်ငံ ရှိ မီးရှုးမီးပန်း ထုတ်လုပ်သည့် စက်ရုံ မီးလောင်မှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူပေါင်း ၁၀ ဦး သေဆုံး

၂၀၁၈ ခုနှစ် ဇန်နဝါရီ လ တွင် အိန္ဒိယ နိုင်ငံ အတွင်းရှိ မီးရှုးမီးပန်း စက်ရုံ တစ်ခု မီးလောင်မှု ဖြစ်ပွား ခဲ့စဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ တောင်ပိုင်း Telangana ပြည်နယ် အတွင်းရှိ မီးရှုးမီးပန်း ထုတ်လုပ်သည့် စက်ရုံ တစ်ခု တွင် ဇူလိုင်လ ၄ ရက် က မီးလောင်မှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူပေါင်း ၁၀ ဦး သေဆုံး ခဲ့ပြီး ဒဏ်ရာရရှိမှုများ ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

မီးလောင်မှု ဖြစ်ပွား ခဲ့သည့် စက်ရုံ သည် Telangana ပြည်နယ် မြို့တော် အရှေ့ပိုင်း ၁၆၀ ကီလိုမီတာ ခန့် အကွာအဝေး တွင် တည်ရှိပြီး ဒေသတွင်း မီးသတ်တပ်ဖွဲ့ အရာရှိ က ဆင်ဟွာ သတင်းဌာန သို့ မီးလောင်မှုကြောင့် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွား ခဲ့ကြောင်း ၊ မီးလောင် ပေါက်ကွဲမှုကြောင့် စက်ရုံ ဘေးပတ်ဝန်းကျင် မီတာ ၃၀၀ အတွင်းရှိ အဆောက်အဦ များ အက်ကွဲကြောင်းများ ဖြစ်ပေါ် ခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာ တွင် သေဆုံးသူ ၁၀ ဦး ကို တွေ့ရှိ ခဲ့ကြောင်း ပြောကြား ခဲ့သည်။

လက်ရှိချိန်တွင် မီးလောင်မှု ကို ထိန်းချုပ် နိုင်ခဲ့ပြီး ဒဏ်ရာရရှိသူများ ကို ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကာ မီးလောင်မှု ဖြစ်ပွား ရသည့် အကြောင်းရင်း အား စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရှိရသည်။

ဒေသတွင်း သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ မီလောင်မှု ဖြစ်ပွားစဉ် စက်ရုံ အတွင်း လူပေါင်း အနည်းဆုံး ၁၇ ဦး တည်ရှိနေပြီး အများစု မှာ စက်ရုံ ၏ အလုပ်သမား များဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.