Connect with us

Asia

ကမ္ဘောဒီးယားတွင်နှစ်သစ်ကူးအားလပ်ရက်ကာလအတွင်း ပြည်တွင်းပြည်ပခရီးသွား များမြင့်တက်

ဖနွမ်းပင်မြို့ ၌ ကမ္ဘာလှည့်ခရီးသွားများအားတွေ့ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင်၊ ဧပြီလ ၁၇ ရက်(ဆင်ဟွာ)

ခမာနှစ်သစ်ကူးအားလပ်ရက်ကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံ၌ ခရီးသွားအချက်အခြာနေရာများကို လာရောက်လည်ပတ်ကြသည့် ပြည်တွင်းပြည်ပခရီးသွားစုစုပေါင်းမှာ ယခုနှစ်၌ ၄ ဒသမ ၇၂ သန်းအ ထိရှိကာ ယခင်နှစ်ကထက် ၆၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း ကမ္ဘောဒီးယားခရီးသွားလာရေးဝန် ကြီး ဌာနက ဧပြီလ ၁၇ ရက်တွင်ထုတ်ပြန်သော အစီရင်ခံစာ၌ပြောကြားခဲ့သည်။

အစီရင်ခံစာတွင်ထိုနှစ်သစ်ကူးကာလအတွင်းနိုင်ငံအတွင်း သုံးရက်တာအားလပ်ရက်၌ ပြည်တွင်းမှခရီး သွား ၄ ဒသမ ၆၄ သန်း ခရီးသွားခဲ့ကြရာ ယခင်နှစ်ထက် ၆၆ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း၊ နိုင်ငံ တကာမှလည်း ကမ္ဘာလှည့်ခရီးသွား ၈၃,၁၂၈ ဦး ရောက်ရှိလာခဲ့ကြရာ ယခင်နှစ်ထက် ၉၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ဖေါ်ပြခဲ့သည်။

ထို့ပြင်ကမ္ဘောဒီးယားခရီးသွားလာရေးဝန်ကြီး တုန်ခွန် ကလည်းဧပြီ ၁၄ ရက်မှ ဧပြီ ၁၆ ရက်အထိရိုးရာ နှစ်သစ်ကူးပွဲတော်အားလပ်ရက်ကာလအတွင်းနိုင်ငံတစ်ဝန်းရှိဗုဒ္ဓဘုရားပုထိုးများသို့ပြည်တွင်းခရီးသွား သုံးသန်းခန့်လည်းထပ်မံ၍ဘုရားဖူးသွားရောက်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။

၎င်းကငြိမ်းချမ်းရေးနှင့်နိုင်ငံရေးတည်ငြိမ်မှုတို့ကပြည်သူများကိုလွတ်လွတ်လပ်လပ်နှင့်ထိတ်လန့်မှုကင်း စွာ ခရီးသွားလာမှုကို ဖြစ်စေခဲ့ကြောင်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.