Connect with us

Asia

ဇီကာဗိုင်းရပ်စ် ကူးစက်ခံရမှု ဗီယက်နမ်တွင် နှစ်ခု ထပ်မံတွေ့ရှိ

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီးတွင် ကျန်းမာရေး လုပ်သား တစ်ဦးက ခြင်ဆေးဖျန်းနေစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟိုချီမင်း စီးတီး၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ တောင်ပိုင်း Binh Duong ပြည်နယ်က ကိုယ်ဝန်ဆောင် တစ်ဦးနှင့် ဟိုချီမင်း စီးတီးရှိ အမျိုးသမီး တစ်ဦးတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ပြီး နိုင်ငံအတွင်း ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ငါးဦးအထိ ရှိလာပြီ ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဋ္ဌာနက ကြေညာလိုက်သည်။

Binh Duong ပြည်နယ်၊ Thuan An မြို့တွင် နေထိုင်သည့် အသက် ၂၇ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးသည် ဇီကာဗိုင်းရပ်စ် ကူးစက်မခံရမီ ခရီးသွားခဲ့ခြင်းမရှိသလို ဇီကာ ကူးစက်ခံရသူနှင့် ဆက်ဆံခဲ့ခြင်း မရှိခဲ့ပေ။ဟိုချိမင် ခရိုင်ရှိ အသက် ၂၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးကလည်း ဗိုင်းရပ်စ် ကူးစက်မခံရမီ ခရီးသွားခဲ့ခြင်း မရှိကြောင်း သိရသည်။အဆိုပါ ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံရသူ အမျိုးသမီး နှစ်ဦးမှာ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိကြောင်း၊ ဇီကာဗိုင်းရပ်စ် ကူးစက်မှု အသစ်များ မဖြစ်ပွားရန် ကာကွယ်ခြင်းများအား ဒေသဆိုင်ရာ အာဏာပိုင်များက လုပ်ဆောင်လျက်ရှိသည်။၁၉၄၀ ခုနှစ် ယူဂန္ဓာနိုင်ငံတွင် ပထမဆုံး ဇီကာဗိုင်းရပ်စ် ပေါ်ထွက်လာခဲ့ပြီး လက်ရှိတွင် ကမ္ဘာ့နိုင်ငံပေါင်း ၄၀ ကျော်၌ ကူးစက်မှု ရှိခဲ့သည်။အဆိုပါ ဗိုင်းရပ်စ်သည် ကိုယ်ဝန်ဆောင် မိခင်များ၌ မွေးဖွားလာသော ကလေးငယ်များအား ဦးခေါင်းနှင့် ဦးနှောက်များ သေးငယ်မှုနှင့် ဆက်စပ်လျက်ရှိသည်။ Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117