Connect with us

Asia

ဆမ်ဆောင်း က Galaxy Note 7 ဖုန်းထုတ်လုပ်ခြင်းအား ယာယီရပ်ဆိုင်း

မီးလောင်မှုဖြစ်ပွားခဲ့သည့် Galaxy Note 7 ဖုန်းအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆိုးလ်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

ဆမ်ဆောင်း အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းက Galaxy Note 7 ဖုန်းများအား ဘက်ထရီပြဿနာ ကြောင့် အသစ်ပြန်လဲပေးခဲ့သော်လည်း အချို့ Galaxy Note 7 ဖုန်းများ၌ မီးလောင်မှုများ ဆက်လက် ဖြစ်ပွားနေ၍ ၎င်း၏ Note 7 ဖုန်း ထုတ်လုပ်ခြင်းအား ယာယီရပ်ဆိုင်းထားခဲ့ကြောင်း ဆမ်ဆောင်း၏ တစ်ဆင့်ခံ ကန်ထရိုက် မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် ကို ကိုးကား၍ Yonhap သတင်းဋ္ဌာနက အောက်တိုဘာ ၁၀ ရက်တွင် ဖော်ပြခဲ့သည်။

ယင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Note 7 ဖုန်းအား တစ်ကမ္ဘာလုံးသို့ သင်္ဘောဖြင့် ပို့ဆောင်ရန် တာဝန်ရှိသည့် ဗီယက်နမ်ရှိ စက်ရုံများ၌လည်း Galaxy Note 7 ဖုန်း ထုတ်လုပ်ခြင်းအား ယာယီ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။အမေရိကန်နိုင်ငံ၊ တရုတ်နိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံ ရှိ စည်းမျဉ်းစည်းကမ်းဆိုင်ရာ အာဏာပိုင်များနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် ယင်းနိုင်ငံများ ရှိ သုံးစွဲသူဘေးအန္တရာယ်ကင်းရှင်းမှုဆိုင်ရာဆုံးဖြတ်ချက် အရ ထုတ်လုပ်မှုအား ယာယီရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့ကြောင်း တာဝန်ရှိသူကပြောကြားခဲ့သည်။ (Xinhua)