Connect with us

Asia

နီပေါနိုင်ငံတွင် ရွှဲ့သဲကျောက်မြေ စီးဆင်းမှုကြောင့် လူ ၂၇ ဦး သေဆုံး 

နီပေါနိုင်ငံတွင် ယခင်က ရွှံ့သဲကျောက်မြေ စီးဆင်းကြောင့် နေအိမ်ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်ကို တွေ့ရစဉ် (ဆင်ဟွာ)

 

ခတ္တမန္ဒူ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံ အနောက်ပိုင်း Myagdiခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှံ့သဲကျောက်မြေစီးဆင်းမှုများ ဖြစ်ပွားခဲ့ရာ လူ ၂၇ ဦးသေဆုံးပြီး ၄ ဦး ပျောက်ဆုံးလျက်ရှိကြောင်း  နီပေါနိုင်ငံ ရဲတပ်ဖွဲ့က ဇူလိုင် ၁၁ ရက်တွင် ပြောကြားခဲ့သည်။ 

ရဲတပ်ဖွဲ့ ထုတ်ပြန်သည့်သတင်းများအရ ဇူလိုင် ၁၀ ရက်က  Myagdiခရိုင် ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေရာအမြောက်အမြားတွင် ရွှံ့သဲကျောက်မြေ စီးဆင်းမှုများ ဖြစ်ပွားခဲ့ရာ လူပေါင်း ၃၄ ဦး ပျောက်ဆုံးနေပြီး လူနေအိမ်ခြေပေါင်း ၄၀ ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။ဇူလိုင် ၁၁ ရက်အထိ သေဆုံးသူ ၃ ဦးကို  ကယ်ဆယ်ထားနိုင်ခဲ့ပြီး  သေဆုံးသူ ရုပ်လောင်း ၂၇ ခုကို ရှာဖွေတွေ့ရှိထားကြောင်းနှင့် ၄ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။  

မီဒီယာ သတင်းများအရ ရဲတပ်ဖွဲ့ နှင့် စစ်တပ်မှ တပ်ဖွဲ့ဝင်များသည် ကူညီကယ်ဆယ်မှုများ လုပ်ဆောင်နေသော်လည်း ရာသီဥတုအခြေအနေဆိုးဝါးမှုကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေရကြောင်း သိရသည်။ Myagdiခရိုင်သည် မြို့တော် ခတ္တမန္ဒူနှင့် ၂၀၀ ကီလိုမီတာခန့် အကာအဝေးတွင် တည်ရှိပြီး လက်ရှိ နီပေါနိုင်ငံ၏ကပ်ဘေး အဆိုးဝါးဆုံးနေရာတစ်ခု ဖြစ်နေကြောင်း သိရသည်။ ယခုရက်ပိုင်းများတွင် နီပေါနိုင်ငံ၌ နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံခြင်း၊ ရွှံ့သဲကျောက်မြေစီးဆင်းခြင်း စသည့် ဆက်စပ်ဘေးအန္တရာယ်များ ဖြစ်ပွားလျက်ရှိရာ လူပေါင်း ၅၀ ခန့်သေဆုံးခဲ့သလို လူနေအိမ်ခြေပေါင်း တစ်ရာခန့် ပျက်စီးသွားခဲ့ရပြီဖြစ်ကြောင်း သိရသည်။ မိုးဇလဌာနက လာမည့် နှစ်ရက်သုံးရက်အတွင်း နီပေါ်နိုင်ငံတစ်ဝန်း ဒေသအမြောက်အမြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဆက်လက်ဖြစ်ပွားမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)  

  

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.