Connect with us

Asia

အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူ ၉ သိန်းကျော်ရှိလာ

အိန္ဒိယနိုင်ငံတွင် COVID-19ရောဂါ စစ်ဆေးမှုများ ပြုလုပ်နေသည်ကို ဇူလိုင် ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19ရောဂါ အသစ်ထပ်တိုးလူနာ ၂၈,၄၉၈ဦး၊ အသစ်ထပ်တိုးသေဆုံးသူ ၅၅၃ ဦး ရှိကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန၏ ဇူလိုင် ၁၄ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

ဇူလိုင် ၁၄ ရက် ည ၈ နာရီအချိန်ထိ အိန္ဒိယနိုင်ငံတွင် COVID-19ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၉၀၆,၇၅၂ ဦး၊ သေဆုံးသူ ၂၃,၇၂၇ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ ၎င်းမှာ ဇူလိုင် ၁၁ ရက်မှ ၁၄ ရက်အထိ သုံးရက်တာကာလအတွင်း ရောဂါဖြစ်ပွားသူ ၈ သိန်းကျော်မှ ၉ သိန်းကျော်ကို တိုးလာခြင်းဖြစ်သည်။ ပြီးခဲ့သော ၂၄ နာရီအတွင် အိန္ဒိယ ပြည်နယ်ဒေသ ၁၀ ခုတွင် အသစ်ထပ်တိုးလူနာ ၁,၀၀၀ ကျော်ရှိခဲ့ရာ ၎င်းတို့အနက် မဒရပ်ပြည်နယ်တွင် ၄,၃၂၈ ဦး ထပ်တိုးခြင်းဖြစ်ကြောင်း သိရသည်။ 

ဇူလိုင် လဆန်းပိုင်းတွင် ဖြေလျော့မှုများပြုလုပ်ပြီးနောက် အိန္ဒိယနိုင်ငံတွင် တစ်ရက်အတွင်း အသစ်ထပ်တိုးလူနာအရေအတွက်သည် ဆက်တိုက်မြင့်တက်လျက်ရှိသည်။ ကပ်ရောဂါပျံ့နှံ့မှုကို ဖြေရှင်းရန် လူဦးရေအထူထပ်ဆုံးဖြစ်သည့်  ဥတ္တရာပရာဒက်ရှ်(Uttar Pradesh)ပြည်နယ်တွင် သောကြာနေ့ညမှ နောက်အပတ် တနင်္လာနေ့မနက်ပိုင်းအထိ လူမှုဘဝပုံမှန်လည်ပတ်မှုများကို ပိတ်ဆို့ရန် ပြည်နယ်အစိုးရက ဇူလိုင် ၁၂ ရက်တွင် ဆုံးဖြတ်ခဲ့သလို ကျန်ဒေသအချို့တွင်လည် ယာယီကာလတို ပိတ်ဆို့မှုများ ပြုလုပ်မည်ဟု ကြေညာထားကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117