Connect with us

Asia

စင်ကာပူနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် လက်ရှိအာဏာရပါတီ PAP က ၈၃ နေရာ အနိုင်ရရှိ

စင်ကာပူနိုင်ငံရှိ People's Action Party (PAP) ပါတီ Ang Mo Kio ရုံးခွဲသို့ ဝန်ကြီးချုပ်နှင့် PAP ပါတီ အထွေထွေအတွင်းရေးမှူး လီရှန်လွန်း ရောက်ရှိလာစဉ် (ဆင်ဟွာ)

စင်ကာပူ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံ အထွေထွေရွေးကောက်ပွဲ၌ လက်ရှိအာဏာရပါတီဖြစ်သော People’s Action Party (PAP) က လွှတ်တော်အမတ်နေရာ ၉၃ နေရာအနက် ၈၃ နေရာ အနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲတာဝန်ခံ Tan Meng Dui က က ဇူလိုင် ၁၁ ရက်တွင် ပြောကြားလိုက်သည်။ 

၂၀၁၅ ခုနှစ်က လွှတ်တော်တွင် အမတ်နေရာ ၁၅ နေရာ ရရှိခဲ့သော အတိုက်အခံပါတီဖြစ်သော အလုပ်သမားပါတီ (WP) က ယခုနှစ်တွင်မူ နေရာ ၁၀ နေရာရရှိခဲ့သည်။ 

 စင်ကာပူနိုင်ငံရှိ People’s Action Party (PAP) ပါတီ Ang Mo Kio ရုံးခွဲသို့ ဝန်ကြီးချုပ်နှင့် PAP ပါတီ အထွေထွေအတွင်းရေးမှူး လီရှန်လွန်း ရောက်ရှိလာစဉ် (ဆင်ဟွာ)

ဇူလိုင် ၁၀ ရက်က တစ်ဦးချင်းမဲဆန္ဒနယ် (SMCs) ၁၄ နယ်နှင့် အုပ်စုကိုယ်စားပြုမဲဆန္ဒနယ် (GRCs) ၁၇ နယ်တို့တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ လွှတ်တော်အမတ်နေရာ ၉၃ နေရာအတွက် နိုင်ငံရေးပါတီ ၁၁ ခုမှ ကိုယ်စားလှယ် ၁၉၁ ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတစ်ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ 

PAP ပါတီသည် SMCs ၁၃ နေရာနှင့် မှ GRCs ၁၅ နေရာတို့မှ အမတ်နေရာ ၈၃ နေရာ အနိုင်ရရှိခဲ့ခြင်း ဖြစ်ပြီး WP ပါတီက Hougang SMC , Aljunied GRC နှင့် Sengkang GRC တို့တွင် အနိုင်ရရှိခဲ့သည်။ 

ရွေးကောက်ဆိုင်ရာဌာန၏ အဆိုအရ မဲရုံပိတ်သိမ်းချိန်၌ လျှို့ဝှက်မဲပေးစနစ်ဖြင့် ဆန္ဒမဲ ၂,၅၃၅,၅၆၅ မဲပေးခဲ့ကြကြောင်း၊ ယင်းအနက် ပယ်မဲ ၄၅,၇၇၂ မဲရှိခဲ့ကြောင်း၊ မဲပေးရန် မှတ်ပုံတင်ထားသူ ၉၅.၆၃ ရာခိုင်နှုန်းက လာရောက်မဲပေးကြကြောင်း သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117