Connect with us

Asia

ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ်တွင်လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ ၃၀၀ နီးပါး မြင့်တက်လာ

အာဖဂန်နစ္စတန် နိုင်ငံတွင် အောက်တိုဘာ ၂၆ ရက်နေ့က အလွန် ပြင်းထန်သော ငလျင် လှုပ်ခတ် ခဲ့ပြီးနောက် ဒဏ်ရာရ ကလေးငယ် တစ်ဦးအား ဆေးရုံသို့ ပို့ဆောင်နေစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ အရှေ့တောင်ပိုင်းတွင် အောက်တိုဘာ ၂၆ ရက်နေ့ ညနေပိုင်းက ပြင်းအား ၈.၁ ရစ်ချ်က် တာ စကေး ရှိသော ငလျင် လှုပ်ခတ် ခဲ့ပြီး ပါကစ္စတန် ၊ အိန္ဒိယ နှင့် ဥဇဘက် ကစ္စတန် စသည့် အိမ်နီးချင်း နိုင်ငံ များတွင်လည်း အလွန် ပြင်းထန်သည့် ငလျင်များ လှုပ်ခတ်ခဲ့သည်။

ပါကစ္စတန်၊ အိန္ဒိယနှင့် အာဖဂန် နစ္စတန် သုံးနိုင်ငံတို့တွင် အောက်တိုဘာလ ၂၇ ရက် နံနက်အထိ သေဆုံးသူ ၃၀၀ ကျော်ရှိနေပြီး ဒဏ်ရာရှိသူ ၁,၆၂၀ ကျော်ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။

အာဖဂန်နစ္စတန် နိုင်ငံတွင် ပြန်ကြားရေး ဝန်ကြီးဋ္ဌာန ဝန်ကြီး Pervez Rasheed က ဘေးအန္တရာယ် ကျရောက်ခဲ့သော ဧရိယာတွင် ကယ်ဆယ်ရေး လုပ်ငန်းများအား စတင် လုပ်ကိုင်နေပြီး ထိခိုက် နစ်နာသူများအတွက် အကူအညီပေး ရေး အစီအစဉ်များအား လုပ်ကိုင်နေကြောင်း ပြောသည်။

ပြန်ကြားရေး ဝန်ကြီးက ထိခိုက်ဒဏ်ရာ ရရှိသည့်စာရင်း ဇယားအား အဓိက မထုတ်ပြန် ထားသော်လည်း Khyber Pakhtunkhwa (KPK) ဒေသသည် ငလျင်ဒဏ် အဆိုးဝါးဆုံး ထိခိုက်ခံခဲ့ရသည့် ဒေသဖြစ်သည်။

အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် နေ့လည် ၂း၀၉ နာရီအချိန်၌ ပါကစ္စတန်-အာဖဂန် နစ္စတန်နိုင်ငံ နယ်စပ်ရှိ Hindukush တောင်အား ဗဟိုပြု လှုပ်ခတ်ခဲ့ပြီး ဆုံချက်နေရာတွင် အနက် ၁၉၃ ကီလိုမီတာ ရှိကြောင်း ဒေသ ဆိုင်ရာ စာရင်းအရ သိရသည်။

ယင်း ငလျင်လှုပ်ခတ်ခဲ့ပြီး မိနစ် လေးဆယ်ကြာ သည်အထိ အင်အား ၂.၅ မှ ၅.၃ အတွင်း ပြင်းအားရှိသော နောက်ဆက်တွဲ ငလျင်များလည်း လှုပ်ခတ်ခဲ့ပါသေးသည်။

ယခု အကြိမ် ဖြစ်ပွားခဲ့သော ငလျင် နှင့် ပတ်သက်၍ ငလျင် ပညာရှင်များမှ အိန္ဒိယနိုင်ငံ သည် အိန္ဒိယ-သြစတြေးလျ ပြတ်ရွေ့ အတွင်း တည်ရှိပြီး ၎င်းမှာ မြောက်ဘက်သို့ ရွေ့လျားခဲ့ခြင်း ဖြစ်ပြီး အာရှ-ဥရောပ ပြတ်ရွေ့အလွှာအောက်သို့ ရောက်ရှိ သွားကြောင်း သုံးသပ် ခဲ့ကြသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117