Connect with us

Asia

အိန္ဒိယနိုင်ငံ အလယ်ပိုင်းတွင် ဂတ်စ်အိုး ပေါက်ကွဲမှုကြောင့် လူ ၃၅ ဦးသေဆုံး၊ ၈၀ ဦး ဒဏ်ရာရ

အိန္ဒိယ ပြည်နယ် အလယ်ပိုင်း Jhabua ဒေသ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော နေရာ၌ လူအများ စုဝေးနေကြစဉ် (ဆင်ဟွာ/ အေဖက်စ်ပီ)

နယူးဒေလီ၊ စက်တင်ဘာ ၁၂ ၇က် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အလယ်ပိုင်း Jhabua ဒေသတွင် စနေနေ့ နံနက်ပိုင်းက လက်ဖက်ရည်ဆိုင်ခန်းရှိ ဂတ်စ်အိုး ပေါက်ကွဲမှုမှ တဆင့် ထိုဆိုင်ခန်းဖွင့်ထားရာ အဆောက်အအုံ တစ်ခုလုံးသို့ ကူးစက် ပေါက်ကွဲမှု ဖြစ်ပွားခြင်း ကြောင့် အနည်းဆုံးလူ ၃၅ ဦးသေဆုံး၍ ၈၀ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အကြီးတန်း ရဲအရာရှိများက ပြောသည်။

“ပေါက်ကွဲမှုက (ဒေသစံတော်ချိန်) နံနက် ၉း၀၀ နာရီဝန်းကျင်မှာ Jhabua ဒေသမှာ ရှိတဲ့Petlawad မြို့ရှိ Sethiya စားသောက်ဆိုင်၌ ဖြစ်ပွားခဲ့တယ်။ စားသောက်ဆိုင်ထဲမှာလဲ မီးရှုးမီးပန်းများ ပြုလုပ်ရန်အတွက် ပေါက်ကွဲစေနိုင်သော ပစ္စည်းတွေ သိုလှောင်ထားခဲ့သလို အဲဒီစားသောက်ဆိုင်ကလဲ လူနေဧရိယာအတွင် တည်ရှိနေခြင်းကြောင့် အခုလို ပေါက်ကွဲမှု ကြီးမားသွား ရတာဖြစ်ပါတယ်” ဟု အဆိုပါ အကြီးတန်း ရဲအရာရှိက ပြောသည်။

လတ်တလောတွင် သေဆုံးသူ ၃၅ ဦးရှိနေပြီး ဒဏ်ရာရသူများ ကိုတော့ နီးစပ်ရာ ဆေးရုံတွင် ကုသမှုပေးထား သလို အချို့က စိုးရိမ်ရသော အခြေအနေတွင် ရှိနေပြီး သေဆုံးသူ အရေအတွက်လည် ဆက်လက် မြင့်တက် နိုင်ကြောင်း ထိုရဲအရာရှိက ပြောသည်။

ပေါက်ကွဲမှုတွင် ထိခိုက်နစ်နာသူများမှာ ပြည်တွင်း အလုပ်သမားများ ဖြစ်ပြီး မတော်တဆမှု ဖြစ်ပွားချိန်တွင် ယင်းစားသောက်ဆိုင်အတွင်း၌ နံနက်စာ စားသုံးနေခဲ့သူများ ဖြစ်သည်။

ဒေသဆိုင်ရာ အစိုးရ အဆင့်မြင့် တာဝန်ရှိသူများကလည်း အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်း သွားရောက်ခဲ့ပြီး ယင်းမတော် တဆမှုအား ရှင်းရှင်းလင်းလင်း သိနိုင်အောင် စုံစမ်းရန် ညွှန်ကြားခဲ့သည်။ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အဆောက်အုံ အပျက်အစီးများ အောက်တွင် ပိတ်မိနေသူများအား ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်လျက် ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.