Connect with us

Asia

အရှေ့တောင်အာရှ ခေါင်းဆောင်များနှင့် အမေရိကန် သမ္မတ ထရမ့် စကားပြော

တယ်လီဖုန်းပြောနေသည့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ မေ ၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံမှ ခေါင်းဆောင်များနှင့် ဧပြီလ ၃၀ ရက်က တယ်လီဖုန်းဖြင့် သီးခြားစီ စကားပြောဆိုခဲ့ရာတွင် အရှေ့တောင်အာရှ နိုင်ငံများအပေါ် ထားရှိသည့် အမေရိကန်နိုင်ငံ၏ ကတိကဝတ်အား ထပ်လောင်းပြောကြားခဲ့ကြောင်း သိရသည်။

ထရမ့်နှင့် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းနှင့် ဖုန်းပြောဆိုရာတွင် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအပေါ် ပူးပေါင်းဆောင်ရွက်မှု စသည်တို့ ပါဝင်သည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အိုချာနှင့် ပြောဆိုခဲ့ရာတွင်မူ ထရမ့်က ၎င်း၏ အစိုးရ ကတိကဝတ် အနေဖြင့် အာရှတွင် တက်ကြွပြီး ဦးဆောင် အခန်းကဏ္ဍမှ ပါဝင်သွားမည် ဖြစ်သလို မိတ်ဖက်များ၊ ထိုင်းကဲ့သို့ မဟာမိတ်များနှင့်အတူ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အိမ်ဖြူတော်အဆိုအရ သိရသည်။

ထို့ပြင် ခိုင်မာသည့် ကုန်သွယ်ရေးနှင့် စီးပွားရေး ဆက်ဆံမှုတွင်လည်း အကျိုးစီးပွား မျှဝေနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။စီးပွားရေးသမား ဘဝမှ သမ္မတ ဖြစ်လာသူ ထရမ့်က စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းနှင့် ထိုင်း ဝန်ကြီးချုပ် ပရာယွန် ချန်-အိုချာတို့အား အမေရိကန်သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့သည်။

ဧပြီလ ၂၈ ရက်တွင်လည်း ထရမ့်သည် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှု အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်း လုံခြုံရေး ကိစ္စရပ်များအကြောင်း ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေးနှင့် ဆွေးနွေးခဲ့သည်။

ယင်းသို့ ပြောဆိုရာတွင် ဒူတာတေး၏ မူးယစ်ဆေးဝါး နှိမ်နင်းမှုအကြောင်းလည်း ပါဝင်ခဲ့သည်။အဆိုပါ သမ္မတ နှစ်ဦး တယ်လီဖုန်းဖြင့် ပြောဆိုမှုအား “လွန်စွာ ရင်းနှီးမှုရှိကြောင်း” အိမ်ဖြူတော်က ထုတ်ပြန်သည့် ကြေညာချက် တစ်စောင်တွင် ဖော်ပြခဲ့သလို ဝါရှင်တန်သို့ လာရောက်လည်ပတ်ကာ အကောင်းဘက်သို့ ဦးတည်နေသော နှစ်နိုင်ငံ ဆက်ဆံရေးအကြောင်း ဆွေးနွေးနိုင်ရန် ဒူတာတေးကို ထရမ့်က ဖိတ်ကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117