Connect with us

Asia

ထိုင်းဘုရင် ကျန်းမာရေး အခြေအနေ စိုးရိမ်ဖွယ်ရှိ

ထိုင်း ဘုရင် ဘူမိဘောလ် အဒူယာဒတ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

ထိုင်းဘုရင် ဘူမိဘောလ် အဒူယာဒတ်သည် သွေးပေါင်ကျပြီး သွေးခုန်နှုန်း မြန်နေသည့်အတွက် ကျန်းမာရေး အခြေအနေ စိုးရိမ်ဖွယ်ရှိနေကြောင်း သိရသည်။

အသက် ၈၉ နှစ်အရွယ် သက်ဦးဆံပိုင် ဘုရင်သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက Siriraj ဆေးရုံ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှု ခံယူနေခဲ့ရကြောင်း၊ အောက်တိုဘာလ ၉ ရက် ဒေသစံတော်ချိန် နံနက် ၃း၀၀ နာရီအချိန်တွင် နှလုံးအတွင်း သွေးစီးဆင်းမှု မူမမှန်ဖြစ်ခဲ့ကာ သွေးပေါင်ကျခြင်းနှင့် သွေးခုန်နှုန်းမြန်လာခဲ့ကြောင်း တော်ဝင်မိသားစု ဗျူရို၏ ၃၇ ခုမြောက် ကြေညာချက်၌ ပြောကြားထားသည်။ထိုင်း ဘုရင် ဘူမိဘောလ်သည် ကျောက်ကပ် အစားထိုး ကုသမှုဆိုင်ရာ ကုထုံးအား ကာလရှည် ကုသနေရပြီး ၎င်း၏ အဆုတ်တွင် သွေးကြော ချဲ့ရန် ဆေးရည်များဖြင့် လှည့်ပတ်ပေးနေရကြောင်း၊ အသက်ရှူရန်အတွက်လည်း စက်ထည့်ထားရကြောင်း တော်ဝင်မိသားစု ဗျူရို၏ ထုတ်ပြန်ချက်၌ ပါရှိသည်။ဘုရင်မင်းမြတ်၏ စိုးရိမ်ဖွယ် ကျန်းမာရေး အခြေအနေကြောင့် လှုပ်ရှားမှုများတွင် ပါဝင်ခြင်းအား ရှောင်ရှားရန် Siriraj ဆေးရုံ ဝန်ထမ်းက အခိုင်အမာ အကြံပြုထားသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117