Connect with us

Eastern Europe

၁၉၈၅ ခုနှစ်တွင်ဖြစ်ပွားခဲ့သော လေယာဉ်ပြန်ပေးမှုဖြင့် မှားယွင်းဖမ်းဆီးခံရသူ လက်ဘနွန်နိုင်ငံသားကို ဂရိရဲတပ်ဖွဲ့ ပြန်လွှတ်

၁၉၈၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော TWA လေယာဉ်ပြန်ပေးမှုအားတွေ ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

အေသင် ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ)

၁၉၈၅ ခုနှစ်တွင်ဖြစ်ပွားခဲ့သော TWA လေယာဉ်အား လေယာဉ်ပြန်ပေးမှု၌ ပါဝင်ခဲ့သည်ဟုဆိုကာ လက်ဘနွန်နိုင်ငံသားတစ်ဦးအား ဖမ်းဆီးခဲ့ခြင်းမှာ မှားယွင်းမှုတစ်ခုသာဖြစ်ကြောင်း ဂရိနိုင်ငံရဲတပ်ဖွဲ ့က စက်တင်ဘာ ၂၃ ရက် နံနက်အစောပိုင်းတွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ 

အသက် ၆၅ နှစ်အရွယ် အမျိုးသားကို တရားစွဲဆိုမှုလုံးဝမပြုဘဲ လွှတ်ပေးလိုက်ကြောင်း နှင့် လွန်ခဲ့သော ၄ ရက်က ၄င်း ထိန်းသိမ်းခံလိုက်ရသည့် Aegean ပင်လယ်အတွင်း Syros ကျွန်းပေါ်ရှိ ဟိုတယ်တစ်လုံးသို ့ပြန်လည်ပို ့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ ့ကဆိုသည်။

အဆိုပါ လက်ဘနွန်အမျိုးသားသည် ဇိမ်ခံသငေ်္ဘာပေါ်မှဆင်းလာပြီးနောက် Mykonos ကျွန်းပေါ်သို ့တက်လာစဉ် နိုင်ငံကူးလက်မှတ်စိစစ်ရေးဂိတ်၌ စက်တင်ဘာ ၁၉ ရက်က ဖမ်းဆီးခံလိုက်ခြင်းဖြစ်သည်။ ၄င်း၏ နိုင်ငံကူးလက်မှတ်သည် TWA Flight 847 လေယာဉ်ပြန်ပေးမှုနှင့်ဆက်စပ်ပြီး ဂျာမနီနိုင်ငံက တရားစွဲဆိုထားသော ဥရောပသားတစ်ဦး၏ နိုင်ငံကူးလက်မှတ်နှင့် တိုက်တိုက်ဆိုင်ဆိုင် တူညီနေခြင်းသာဖြစ်ကြောင်း ရဲတပ်ဖွဲ ့က ပြောကြားခဲ့သည်။ ယင်းလေယာဉ်ပြန်ပေးမှုတွင် အမေရိကန်နိုင်ငံသား ခရီးသည်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ရဲတပ်ဖွဲ ့၏ ထုတ်ပြန်ချက်အရ ဂျာမနီအာဏာပိုင်များသည် သံသယရှိသူကို အတည်ပြုနိုင်ခဲ့ခြင်းမရှိသလို စက်တင်ဘာ ၂၃ ရက်မွန်းလွဲပိုင်းထိ အပြီးသတ်လာရောက်စစ်ဆေး နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။ ၄င်းအမျိုးသားမှာ ဂျာနယ်လစ်တစ်ဦးသာဖြစ်ကြောင်း လက်ဘနွန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။ 

   

၁၉၈၅ ခုနှစ် ဇွန် ၁၄ ရက်တွင် ကိုင်ရိုလေဆိပ်မှ ဆန်ဒီယေဂိုသို ့ဦးတည်ပျံသန်းလာသော လေယာဉ်တစ်စင်းမှာ အပိုင်စီးခံရပြီး အေသင်မြို ့၌ အရေးပေါ် ဆင်းသက်ခဲ့ရသည်။လေယာဉ်ပြန်ပေးသမားများသည် အစ္စရေးနိုင်ငံက ဖမ်းဆီးထားသော ရှှီအိုက်မွတ်စလင်ရာပေါင်းများစွာကို ပြန်လွှတ်ပေးရန်အပါအဝင် တောင်းဆိုချက်များကို ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117