Connect with us

Europe

ဘာလင်တွင် ဒုတိယကမ္ဘာစစ်က ဗုံးအားရှာတွေ့ပြီးနောက် လူ ၁၀,၀၀၀ခန့်အား နေရာရွှေ့ပြောင်းပေးခဲ့

ဘာလင်မြို့တွင် ယခင်က တွေ့ရှိခဲ့သည့် ဒုတိယကမ္ဘာစစ် လက်ကျန် ဗုံးတစ်လုံးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘာလင်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

ဘာလင်မြို့ရှိ လူနေရပ်ကွက် ပတ်ဝန်းကျင်အနီးတွင် ဒုတိယကမ္ဘာစစ်က မပေါက်ကွဲသေးဘဲကျန်ရှိနေသည့် ၂၅၀ကီလိုဂရမ်အလေးချိန်ရှိ သော ဗုံးကြီးတစ်လုံးအား တွေ့ရှိခဲ့ပြီးနောက် လူပေါင်း ၁၀,၀၀၀ခန့်ကို ၎င်းတို့၏နေအိမ်များမှ ရွှေ့ပြောင်းစေခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဘာလင်မြို့အနောက်ပိုင်း Innsbrucker Platz ဘူတာရုံအနီးတွင် ဆောက်လုပ်ရေးအလုပ်သမားများက ယင်းဗုံးအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဘာလင်ရဲတပ်ဖွဲ့က ၎င်းတို့၏ တွစ်တာအကောင့်၌ရေးသားခဲ့သည်။

ဗုံးရှင်းလင်းရေးပြုလုပ်ရန် ရဲတပ်ဖွဲ့က ဗုံးတည်ရှိရာ မီတာ ၅၀၀ ပတ်လည်အား အတားအဆီးများ ချထားခဲ့ပြီး ယင်းဧရိယာအတွင်းရှိနေအိမ်များ မှ လူများကို အောက်တိုဘာ ၂ရက် ညနေပိုင်းတွင် နေရာရွှေ့ပြောင်း စေခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့ က ဒေသခံများအား ၎င်းတို့၏ သူငယ်ချင်းများ နှင့် ဆွေမျိုးများရှိရာသို့ သွားရောက်နေထိုင်စေခဲ့ပြီး နေရာရွှေ့ပြောင်းသူများအတွက် အရေးပေါ်အိမ်ယာများ ဖြည့်ဆည်းပေး ခဲ့သည်။

ယင်းဧရိယာအတွင်းရှိ မြေအောက်ရထားနှင့် အခြားရထားလိုင်းများကို ခေတ္တရပ်ဆိုင်းထားခဲ့သည်။

ဒုတိယကမ္ဘာစစ်ဖြစ်ပွားအပြီး နှစ် ၇၀ကျော်ကြာသည့်တိုင်အောင် ဂျာမနီနိုင်ငံ၌ မပေါက်ကွဲသေးသည့် ဗုံးများအား ရှာဖွေတွေ့ရှိခြင်းသည် သာမန်ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလတွင်လည်း Frankfurt မြို့၌ အလေးချိန် ၁.၈တန်ရှိ ဗုံးတစ်လုံးကို ရှာဖွေတွေ့ရှိခဲ့၍ လူပေါင်း ၆၀,၀၀၀ ကျော်ကို နေရာရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.