Connect with us

Europe

ရုရှားတွင် မိုင်းတွင်းမီးလောင်မှု ကြောင့် မိုင်းလုပ်သား ၉ ဦး ပိတ်မိနေ

ရုရှားနိုင်ငံ ရှိ သတ္တုတွင်းလုပ်ငန်းမှ မိုင်းလုပ်သားတစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ/REUTERS)

မော်စကို၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ Ural တောင်တန်းများအနီး Perm ဒေသ တွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် မိုင်းတွင်းတစ်ခု ၌ မိုင်းလုပ်သား ၉ဦးပိတ်မိနေကြောင်း မိုင်းတွင်းပိုင်ရှင် က ဒီဇင်ဘာ ၂၂ရက်တွင်ပြောကြားခဲ့သည်။

မီးလောင်မှုသည် Solikamsk မြို့ ရှိ မိုင်းတူးလုပ်ငန်းခွင် ၌ မော်စကို စံတော်ချိန် နံနက် ၁၀း၀၄နာရီတွင် ဖြစ်ပွားခဲ့ကြောင်း မိုင်းတွင်းပိုင်ရှင် ရုရှားကုမ္ပဏီ Uralkali က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

အစပိုင်း၌ မိုင်းတွင်း ထဲ၌ စုစုပေါင်း လူ ၁၇ဦး ပိတ်မိနေခဲ့ပြီး လူ ၈ဦးကို ဒဏ်ရာရရှိမှုမရှိဘဲ ကယ်ဆယ်နိုင်ခဲ့ကြောင်း အရေးပေါ်ဌာနအရင်းမြစ်တစ်ခုကို ကိုးကား၍ ရုရှားသတင်း၌ဖော်ပြခဲ့သည်။

သတင်းအရင်းမြစ် အရ ဆက်လက်မီးလောင်ကျွမ်းနေပြီး ပိတ်မိနေသည့် မိုင်းတူးလုပ်သား ၉ဦး မြေပြင်ပေါ်သို့ ပြန်ထွက်ရန် အခက်အခဲဖြစ်နေဆဲဖြစ်ကြောင်းသိရသည်။

စိတ်ပညာရှင်များ၊ ဆရာဝန်များ နှင့် အရေးပေါ်လူနာတင်ယာဉ်များအပါအဝင် ကယ်ဆယ်ရေးဝန်ထမ်းများကို အခင်းဖြစ်ပွားရာသို့ စေလွှတ်ပေးထားကြောင်း ရုရှားနိုင်ငံ အရေးပေါ်ဝန်ကြီးဌာန ဒေသဆိုင်ရာဌာနခွဲကပြောကြားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117