Connect with us

Europe

ရုရှားနိုင်ငံ၊မော်စကိုမြို့ ကရင်မလင်နန်းတော်၌ ရှေးဟောင်းယဉ်ကျေးမှုတူးဖေါ်စဉ် ဗုံးဟောင်းတစ်လုံးတွေ့ရှိ

မော်စကိုမြို့ ကရင်မလင်နန်းတော်၌ ရှေးဟောင်းယဉ်ကျေးမှုတူးဖေါ်မှုတစ်ရပ်ပြုလုပ် နေစဉ်(အင်တာနက်)

မော်စကို၊ သြဂုတ်လ ၁၆ ရက်(ဆင်ဟွာ)

ဒုတိယကမ္ဘာစစ်ကာလအတွင်း နာဇီတပ်ဖွဲ့များက မော်စကိုမြို့ပေါ်သို့ လေကြောင်းမှကြဲချခဲ့သောဗုံး တစ်လုံးအား ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာတူးဖေါ်ရှာဖွေမှုတစ်ရပ် ပြုလုပ်နေစဉ်အတွင်း ကရင်မလင် နန်းတော်မှဖယ်ရှားခဲ့ကြောင်း ကရင်မလင်တပ်မှူးချုုပ် ဆာဂျီခလက်နီကော့ဗ်(Sergei Khlebnikov) က သြဂုတ်လ ၁၅ ရက်ကပြောခဲ့သည်။

ဆာဂျီခလက်နီကော့ဗ် ကရှေးဟောင်းသုတေသနပညာရှင်များက အစားအစာသိုလှောင်ရန်အသုံးပြု သော ယခင်က ရေခဲမြေအောက်ခန်းတစ်ခုအပေါ်ရှိ ထူထပ်သောရွှံ့မြေလွှာ ကိုတူးဖော်ကြစဉ်စနက် တံမဖြုတ်ရသေးသော အဆိုပါဗုံးဟောင်းအားတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် စနစ်တကျဖျက်စီးခဲ့ပြီးဖြစ် ကြောင်း ပြောခဲ့သည်။

၎င်းက နာဇီဂျာမန်တပ်ဖွဲ့များက ဒုတိယကမ္ဘာစစ်ကာလအတွင်း ၁၉၄၁ ခုနှစ်၌ ဆိုဗီယက်ပြည်ထောင်စု အားကျူးကျော်စဉ်၊ ခေတ်မီစွာပုံဖျက်ထားသော်လည်း ကရင်မလင်နန်းတော်အားလေကြောင်းမှတစ် ကြိမ်မက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပြောခဲ့သည်။ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီးထရီးပက်စ်ကော့ဗ် ကလည်းဆယ်စုနှစ်များနှင့်ချီ၍ကြာပြီဖြစ်သော အဆိုပါဗုံးဟောင်းကိုရှာဖွေတွေ့ရှိမှုကရုရှားသမ္မတ ဗလာဒီမာပူတင် ၏ လုပ်ငန်းစဉ်ကိုပျက်ပြားစေလိမ့်မဟုတ်ကြောင်း သြဂုတ်လ ၁၅ ရက်ကပြောခဲ့သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117