Connect with us

Europe

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်ရှိ ဩစတြေးလျ သံရုံးပိတ်သိမ်းမည်

ကန်ဘာရာ၊ မေ ၂၅ ရက် (ဆင်ဟွာ)

ဩစတြေးလျနိုင်ငံက ယခုနှစ်ကုန်ပိုင်းတွင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရန် လျာထားခဲ့ရာ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်ရှိ ဩစတြေးလျသံရုံးအား ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။သံရုံး အဆောက်အဦအား မေ ၂၈ ရက်တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း ဩစတြေးလျ ဝန်ကြီးချုပ် စကော့ မောရစ်ဆင် (Scott Morrison) နှင့် နိုင်ငံခြားရေးဝန်ကြီး Marise Payne တို့က မေ ၂၅ ရက်တွင် ထုတ်ပြန်သော ပူးတွဲထုတ်ပြန်ချက်အရ သိရသည်။

“အာဖဂန်နစ္စတန် ကဘူးလ်မြို့မှာရှိတဲ့ ဩစတြေးလျသံရုံးက ကျွန်တော်တို့ရဲ့ နေထိုင်မှုတွေကိုလည်း အဲဒီအချိန်မှာ ပိတ်သိမ်းတော့မှာပါ” ဟု ၎င်းတို့က ပြောခဲ့သည်။

“ဒီဆောင်ရွက်ချက်ဟာ ယာယီဖြစ်ပြီးတော့ အခြေအနေ ခွင့်ပြုချက်ရရှိတာနဲ့ အမြဲတမ်းနေထိုင်မှုတွေ ပြန်စတင်နိုင်ဖို့ ဩစတြေးလျနိုင်ငံက မျှော်လင့်ထားပါတယ်” ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“လုံခြုံရေးအစီအစဉ်တွေက ကျွန်တော်တို့ရဲ့ လက်ရှိဆောင်ရွက်နေတဲ့ သံတမန်တည်ရှိမှုကို ပံ့ပိုးပေးဖို့ မထောက်ပံ့နိုင်တော့လို့ အစိုးရအကြံပြုထားတဲ့နေရာမှာ မသေချာတဲ့လုံခြုံရေးအခြေအနေ မြင့်တက်လာခြင်းက လာမယ့် လအနည်းငယ်အတွင်း အာဖဂန်နစ္စတန်မှ နိုင်ငံတကာ တပ်ဖွဲ့ဝင်တွေနဲ့ ဩစတြေးလျ တပ်ဖွဲ့ဝင်တွေ ထွက်ခွာမှုတွေ ဖြစ်စေခဲ့ပါတယ်” ဟု ထုတ်ပြန်ချက်၌ ဖြည့်စွက်ဖော်ပြထားသည်။

အာဖဂန်စ္စတန်နိုင်ငံမှ ဩစတြေးလျ တပ်ဖွဲ့ဝင်များအား ယခုနှစ် စက်တင်ဘာလတွင် ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း မောရစ်ဆင်က ဧပြီလ၌ ကြေညာခဲ့သည်။

Australian Broadcasting Corporation (ABC) ဖော်ပြချက်အရ သံရုံးအား ၂၀၀၆ ခုနှစ်ကတည်းက ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

Australia to close embassy in Afghan capital

CANBERRA, May 25 (Xinhua) — Australia is to close its embassy in Kabul, capital of Afghanistan, where the Australian troops are scheduled to withdraw later this year.
According to a joint media statement on Tuesday, Australian Prime Minister Scott Morrison and Foreign Minister Marise Payne said that the embassy building will be closed on May 28.
“Our residential representation in Afghanistan and the Australian Embassy in Kabul will be closed at this time,” they said.

“It is Australia’s expectation that this measure will be temporary and that we will resume a permanent presence in Kabul once circumstances permit,” the statement said.
“The departure of the international forces and hence Australian forces from Afghanistan over the next few months brings with it an increasingly uncertain security environment where the Government has been advised that security arrangements could not be provided to support our ongoing diplomatic presence,” the statement added.
Morrison announced in April that Australian troops would be withdrawn from Afghanistan by September this year.

According to the Australian Broadcasting Corporation (ABC), the embassy has been open since 2006. Enditem
Australian Prime Minister Scott Morrison attends a press conference in Canberra, Australia, June 26, 2020. (Photo by Chu Chen/Xinhua)