Connect with us

Europe

ဝီကီလိခ်ပူးတွဲတည်ထောင်သူအား ထောင်ဒဏ် ရက်သတ္တပတ် ၅ဝ ချမှတ်

ဝီကီလိခ် ပူးတွဲတည်ထောင်သူ ဂျူလီယံအန်ဆန်အား ရုံးထုတ်လာစဉ်(ဆင်ဟွာ)

လန်ဒန် ၊ မေ ၂ ရက်(ဆင်ဟွာ)

ဝီကီလိခ်(Wikileaks) အဖွဲ့ကို ပူးတွဲတည်ထောင်သူ ဂျူလီယံအန်ဆန်အား အာမခံပေးထားသည့် အခြေအနေများကို ချိုးဖောက်မှုဖြင့် မေ ၁ ရက်တွင် ထောင်ဒဏ် ရက်သတ္တပတ် ၅ဝ ချမှတ်လိုက်ကြောင်း သိရသည်။

အန်ဆန်သည် ၎င်းအား ပေးထားသည့် အာမခံကို ချိုးဖောက်၍ လွန်ခဲ့သော ၇ နှစ်က အီကွေဒေါသံရုံးသို့ဝင်ရောက်ခိုလှုံခဲ့သည်။

Southwark Crown တရားရုံးက ပြစ်ဒဏ်များကို ချမှတ်ခဲ့ပြီးနောက်တွင် ရှေ့နေချုပ် Mark Summers က အာမခံချိုးဖောက်မှုအပေါ် တောင်းပန်စကားဆိုခဲ့သည့် အန်ဆန်၏ ပေးစာတစ်စောင်ကို ဖတ်ကြားခဲ့သည်။

စာထဲတွင် အန်ဆန်က ၎င်းအနေဖြင့် “ စိုးထိတ်ဖွယ်အခြေအနေများနှင့်အတူ ရုန်းကန်ခဲ့ရကြောင်း” နှင့် ကောင်းမည်ထင်၍ လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ကြောင်း ဆိုခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.