Connect with us

International Organizations

ကမ္ဘာ့ပါလီမန် အဖွဲ့ဝင်များ စုဝေး၍ ကမ္ဘာလုံး ဆိုင်ရာ ပြဿနာများ အဖြေ ရှာမည်

Inter-Parliamentary Union ဥက္ကဋ္ဌ Saber Chowdhury မှ လေးကြိမ်မြောက် လွှတ်တော် ဥက္ကဋ္ဌများ ကမ္ဘာ့ညီလာခံ ပြုလုပ်မည့် အကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားနေစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

နိုင်ငံပေါင်း ၁၄၀ ၏ လွှတ်တော် ဥက္ကဋ္ဌများသည် လာမည့် ရက်သတ္တပတ် အတွင်း နယူးယောက်မြို့တွင် ကျင်းပမည့် လေးကြိမ်မြောက် လွှတ်တော် ဥက္ကဋ္ဌများ ကမ္ဘာ့ညီလာခံသို့ တက်ရောက်၍ ပဋိပက္ခ၊ အကြမ်းဖက်မှု၊ ရွှေ့ပြောင်းနေထိုင်ခြင်း၊ ခွဲခြားဆက်ဆံခြင်း နှင့် ရာသီဥတု ပြောင်းလဲခြင်း စသော ကမ္ဘာ့ရေးရာ ကိစ္စများတွင် လွှတ်တော်၏ အခန်း ကဏ္ဍများ ဆွေးနွေး ကြမည် ဖြစ်ကြောင်း သောကြာနေ့က ကြေညာလိုက် ပါသည်။

ညီလာခံအား သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၂ ရက်နေ့အထိ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ် တွင် သုံးရက်ကြာ ကျင်းပမည် ဖြစ်သည်။ “ ဒီအစည်းအဝေးဟာ ကမ္ဘာတဝှမ်းရှိ လွှတ်တော် ရေးရာ အာဏာ အရှိဆုံး သူတွေက ကမ္ဘာ့ရေးရာ ကိစ္စတွေ အတွက် နည်းလမ်းရှာရန် အထောက်အကူ ပြုနိုင်ပါလိမ့်မယ် ” ဟု Inter-Parliamentary Union (IPU) ၏ အထွေထွေ အတွင်းရေးမှူး မာတင် ချန်ဂွန်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

နိုင်ငံပေါင်း ၁၄၀ က လွှတ်တော် ဥက္ကဋ္ဌပေါင်း ၁၃၈ ဦးနှင့် ဒုတိယ ဥက္ကဋ္ဌပေါင်း ၃၉ ဦးတို့သည် ယင်းအ စည်းအဝေးသို့ တက်ရောက် ကြမည် ဖြစ်သည်။

ညီလာခံ၏ အဓိက ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝှမ်း ရေရှည် ဖွံ့ဖြိုး တိုးတက် မှုကို ထောက်အပံ့ ဖြစ်စေရန် လာမည့် စက်တင်ဘာလတွင် စတင် ကျင့်သုံးမည့် ၂၀၁၅ အလွန် ကုလသမဂ္ဂ ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဉ် အကောင်အထည် ဖော်ရာ၌ လွှတ်တော် အနေဖြင့် အစိုးရအား မည်သို့ ကူညီ ထောက်ပံ့နိုင်မည် ဆိုသည့် အကြောင်း ဆွေးနွေးမည် ဖြစ်သည်။

မြန်မာ နိုင်ငံမှ လာမည့် ရွေးကောက်ပွဲအတွက် ဆောင်ရွက်ရန်ရှိသလို သြစတေးလျနိုင်ငံမှလည်း နိုင်ငံအတွင်း ပြည်တွင်းရေးရာ ကိစ္စများကြောင့် မြန်မာနှင့် သြစတေးလျ နှစ်နိုင်ငံသည် အဆိုပါ ညီလာခံသို့ တက်ရောက်နိုင်မည် မဟုတ်ကြောင်း သိရသည်။

အစည်းအဝေး တက်ရောက်လာသည့် လွှတ်တော် ဥက္ကဋ္ဌများနှင့် ဒုတိယ ဥက္ကဋ္ဌများသည် မျက်နှာစုံညီ အစည်းအဝေးတွင် ပါဝင် ဆွေးနွေးကြမည် ဖြစ်ပြီး ဆွေးနွေးမည့် အကြောင်းအရာများမှာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုကို အဓိကထား ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

ထိုဆွေးနွေးမှုများတွင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများမှ စက်တင်ဘာလတွင် ကျင့်သုံးမည့် သဘာဝ ပတ်ဝန်းကျင် ၊ စီးပွားရေး နှင့် လူမှုရေး ဆိုင်ရာ ရည်မှန်းချက် (၁၇) ချက်ပါဝင်သော ရေရှည် တည်တံ့သော ဖွံ့ဖြိုးမှု ရည်မှန်းချက် များလည်း ပါဝင်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.