Connect with us

International Organizations

ကမ္ဘာ့လုံးဆိုင်ရာ ဖွံ့ဖြိုးမှု သမိုင်းဝင် အစီအစဉ် အကောင်အထည် ဖော်ရာ၌ အရေးပါသော အခန်းကဏ္ဍမှ တရုတ် ပါဝင်မည်

ကုလသမဂ္ဂ ဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် ၀မ်မင်း ကုလသမဂ္ဂ အထွေထွေညီလာခံ တွင် မိန့်ခွန်းပြောကြားနေစဉ်။(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

ကမ္ဘာ့လုံးဆိုင်ရာ ရေရှည် တည်တံ့သော ဖွံ့ဖြိုးမှု စီမံကိန်း ၂၀၃၀ မူကြမ်း အကောင်အထည် ဖော်ရာတွင် တရုတ်နိုင်ငံမှ အရေးပါသော အထောက်အပံ့များ အား ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း တရုတ် နိုင်ငံ အဆင့်မြင့် သံတမန်က တနင်္ဂနွေနေ့က ပြောသည်။

“ တရုတ်နိုင်ငံ အနေနဲ့ အပြုသဘောဆောင်ပြီး စေ့စပ် ညှိနှိုင်းရေး လုပ်ငန်းစဉ်မှာ တက်ရောက်ခဲ့ တာဖြစ်ပါတယ်” ဟု ကုလသမဂ္ဂ ဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ဝမ်မင်း က သတင်းထောက်များအား ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံမှ စေ့စပ် ညှိနှိုင်းသူများ နှင့် သဘောတူညီမှု အပြီးတွင် ပြောကြားခြင်း ဖြစ်သည်။

ဆင်းရဲ မွဲတေမှုဖြေရှင်းခြင်းနှင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်ပြီး လူနေမှု အဆင့်အတန်း မြှင့်တင်ခြင်း စသည်တို့အား အတူတကွ ကိုင်တွယ် ဖြေရှင်းရန် ကမ္ဘာ့ အသိုင်းအဝိုင်း အနေဖြင့် ဘယ်လို လုပ်ဆောင် ဖန်တီးကြမလဲ စသည် တို့အား ဆွေးနွေးခဲ့ကြပြီး ဖြစ်ပြီး ထိုစာတမ်းကို ကမ္ဘာ့ ကုလသမဂ္ဂတွင် စက်တင်ဘာလ၌ အတည်ပြုမည် ဖြစ်ပါသည်။

တရုတ်နို်င်ငံမှ အဆိုပြုချက် ကိုတင်သွင်းရန် တရုတ် အနေဖြင့် အလွန် တက်ကြွနေကြောင်း ဝမ် ကပြော ကြားခဲ့ဲပြီး တရုတ်နိုင်ငံဖြင့် နှစ်နှစ်ကြာ ဆွေးနွေးခဲ့စဉ်မှာလည်း အဖွဲ့အစည်းများကြား စည်းလုံးညီညွတ်မှုနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ဘုံစိတ်ဝင်စားချက်များ ပါဝင်နိုင်ရန် တရုတ်နိုင်ငံ အနေဖြင့် ကြိုးပမ်းခဲ့ကြောင်း ဝမ်က ဖြည့်စွက် ပြောပါသည်။

၂၀၃၀ ရေရှည် တည်တံ့သော ဖွံ့ဖြိုးမှု အစီအစဉ်သည် နိုင်ငံများနှင့် နိုင်ငံသား များမှ ကမ္ဘာကြီးကို လေးစား၍ ကာကွယ်ကြရန်နှင့် သဘာဝ အရင်းအမြစ်များကို ကောင်းမွန်စွာ စီမံခန့်ခွဲခြင်းသည် စီပွားရေးနှင့် လူမှု ဖွံ့ဖြိုးမှု၏ အုတ်မြစ်ဆိုတာ နားလည် သဘောပေါက်စေရန် ရည်ရွယ်သည်။
အဆိုပါ မူကြမ်းတွင် အကြမ်းဖျဉ်းအားဖြင့် ရေရှည် တည်တံ့သော ဖွံ့ဖြိုးမှု ရည်မှန်းချက် (SDGs) ၁၇ ချက်ပါရှိပြီး ဆင်းရဲ မွဲတေမှု၊ ကျား/မ ညီမျှရေး၊ စီးပွားရေး ဖွံ့ဖြိုးမှု ၊ ရာသီဥတု ပြောင်းလဲခြင်းနှင့် သမုဒ္ဒရာ အရင်းအမြစ်များ ကာကွယ်ရေး အစရှိသည့် ကိစ္စရပ်များနှင့် သက်ဆိုင်သော ရည်မှန်းချက်များ ဖြစ်သည်။

ရေရှည် တည်တံ့သော ဖွံ့ဖြိုးမှု ရည်မှန်းချက် (SDGs) များသည် ကမ္ဘာ့နိုင်ငံများ အားလုံးနှင့် သက်ဆိုင်ပြီး ထိုရည်မှန်းချက်အသစ်များသည် ယခုနှစ်ကုန်တွင် ရောက်ရှိမည့် ထောင်စုနှစ် ဖွ့ံ့ဖြိုးမှု ရည်မှန်းချက်များ (Millennium Development Goals= MDGs) ဖြစ်သည့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ရည်မှန်းချက် ရှစ်ချက် နေရာတွင် အစားထိုးရန် ဖြစ်ပါသည်။

သဘောတူညီချက်တွင် တရုတ်နိုင်ငံနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံအမြောက်အမြား၏ အရေးကြီးသော အဆိုပြုချက်များ ပါဝင်သည့်အတွက် ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း၏ ခိုင်မာသော လိုလား တောင့်တချက်များ ဖြစ်သည့် နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်း စေမည့် ပူးပေါင်း ဆောင်ရွက်မှုနှင့် ဘုံဖွံ့ဖြိုးမှုများ ကို ရောင်ပြန်ဟပ်စေနိုင်မှာ ဖြစ်ကြောင်း ဝမ်ကပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117