Connect with us

Latin America

ဘရာဇီး နှင့် အာဂျင်တီးနား နိုင်ငံတို့ ၂၀၂၉ ခုနှစ် နောက်ဆုံးထား၍ မော်တော်ယာဉ် လွတ်လပ်စွာ ကုန်သွယ်ရေး အပေါ် သဘောတူ

စက်ရုံ လုပ်သားများက ကားအစိတ်အပိုင်းများ တပ်ဆင်နေမှုအား တွေ့ ရစဉ်(ဓာတ်ပုံ - အင်တာနက်)

ရီယိုဒီဂျနေးရိုး ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ)

ဘရာဇီး နိုင်ငံ နှင့် အာဂျင်တီးနား နိုင်ငံတို့သည် မော်တော်ယာဉ် လုပ်ငန်းကဏ္ဍတွင် ၂၀၂၉ ခုနှစ် နောက်ဆုံးထား၍ လွတ်လပ်စွာ ကုန်သွယ်ခွင့် ရှိစေရန် သဘောတူညီချက် တစ်ရပ်အား စက်တင်ဘာ ၆ ရက်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်များ အရ နှစ်နိုင်ငံသည် ၂၀၂၉ ခုနှစ် နောက်ဆုံးထား၍ သွင်းကုန်၏ သုံးဆ အထိ ပို့ကုန်များ၏ အစု ရှယ်ယာများကို တဖြည်းဖြည်း တိုးတက်လာပါက လွတ်လပ်စွာ ကုန်သွယ်မှု အခြေအနေများ ရောက်ရှိနိုင်မည် ဖြစ်ကြောင်း ၊ လက်ရှိ စည်းမျဉ်းများတွင် အချင်းချင်း တစ်ဘက် နှင့် တစ်ဘက် သွင်းကုန် ပမာဏ တစ်ဆခွဲ အထိ တင်ပို့နိုင်ကြောင်း သတ်မှတ်ထားသည်။

ယင်းသဘောတူညီချက် အရ ပြည်တွင်း စည်းမျဉ်း တစ်ချို့ပြောင်းလဲသွားမည် ဖြစ်ကြောင်း ၊ ဘရာဇီး နိုင်ငံမှ အာဂျင်တီးနား နိုင်ငံသို့ ယခင်က ယာဉ်များ သွင်းကုန်အခွန် မပါဘဲ တင်ပို့နိုင်ကြောင်း ၊ ၎င်းက ပြည်တွင်း၌ ထုတ်လုပ်သော ယာဉ်အစိတ်အပိုင်းများ၏ အနည်းဆုံး ၆၀ ရာခိုင်နှုန်း ရှိရန် လိုအပ်ပြီး ယခုအခါတွင် ၅၀ ရာခိုင်နှုန်း အထိ လျော့ကျနိုင်ကြောင်း သိရသည်။

သဘောတူညီချက်အရ ဟိုက်ဘရစ် နှင့် လျှပ်စစ်မော်တော်ယာဉ်များ အတွက် အစပိုင်းတွင် တင်ပို့မှု ၁၅,၀၀၀ စီး ဖြစ်နိုင်ပြီး ၂၀၂၉ ခုနှစ်တွင် ၅၀,၀၀၀ စီးအထိ တဖြည်းဖြည်း ခန့်မှန်းရကြောင်း သိရသည်။

အာဂျင်တီးနား နိုင်ငံသည် ဘရာဇီးနိုင်ငံ၏ ကားများ နှင့် ကားအစိတ်အပိုင်းများ၏ အဓိက ဝယ်ယူသူ ဖြစ်သော် လည်း အာဂျင်တီးနား နိုင်ငံသည် စီးပွားရေး အကျပ်အတည်းအား ကာလကြာရှည် ရင်ဆိုင်ခဲ့ရပြီးနောက် ဝယ်ယူမှုများ ကျဆင်းလာခဲ့ကာ ဘရာဇီးနိုင်ငံ၏ ယာဉ်တင်ပို့မှုကို ထိခိုက်စေခဲ့ကြောင်း ၊ ၂၀၁၉ ခုနှစ် ပထမ နှစ်ဝက်တွင် ၂၀၁၈ ခုနှစ် အလားတူ ကာလထက် ၄၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117