Connect with us

North America

ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရမှု အောက်မေ့သတိရခြင်းအား ဝါရှင်တန်တွင် ပြုလုပ်


ဝါရှင်တန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

လွန်ခဲ့သည့် နှစ်ပေါင်း ၇၄ နှစ်အကြာက ပုလဲဆိပ်ကမ်းသို့ ဂျပန်၏ ဗုံးကြဲတိုက်ခိုက်မှု၌ သေဆုံးခဲ့ရသူများအား ဂုဏ်ပြုခြင်း အခမ်းအနားအား ဝါရှင်တန်ရှိ အမျိုးသား ဒုတိယ ကမ္ဘာစစ် အောက်မေ့ဖွယ်ရာတွင် ကျင်းပခဲ့ ကြောင်း သိရသည်။

ဂျပန်တို့၏ ဗုံးကြဲ တိုက်ခိုက်မှုတွင် အသက်ရှင်ကျန်ရစ်သူ နှစ်ဦးနှင့် ဒုတိယကမ္ဘာစစ် အတွင်း ပါဝင်ခဲ့ကြသော သက်ရှိထင်ရှား ကျန်ရစ်သူ စစ်မှုထမ်းဟောင်းများ တက်ရောက်ခဲ့ကြရာ ၎င်းတို့တွင် အမေရိကန် စစ်မှုထမ်း ဟောင်း အသက် ၁၁၀ နှစ်အရွယ် ဖရန့် လင်းဗင်းစတုန်း လည်း ပါဝင်သည်။

“ကျွန်တော်တို့ အတွက် ပုလဲဆိပ်ကမ်းမှာ တိုက်ခိုက်ခံခဲ့ရတာ မနေ့တစ်နေ့ကလိုပါပဲ” ဟု ၇၄ နှစ်အကြာက ရေဒီယို သတင်း ထုတ်လွှင့်မှုနှင့်အတူ အခမ်းအနားကို စတင်ခဲ့သည်။

ပုလဲဆိပ်ကမ်း အောက်မေ့ သတိရခြင်း နေ့တွင် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

“အမျိုးသား ပုလဲဆိပ်ကမ်း အောက်မေ့သတိရခြင်းနေ့မှာ ၇၄ နှစ်တုန်းက ကျဆုံးခဲ့တဲ့ ဝိဉာဉ်များကို ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်၊ ခိုင်မြဲတဲ့ ရဲစွမ်းသတ္တိနဲ့ စစ်မှုထမ်းခဲ့သူတွေကို ဂုဏ်ပြုပါတယ်” ဟု အခမ်းအနား စီစဉ်သူ တစ်ဦးက လူပေါင်း ၃၀၀ ကျော် အား ပြောကြားခဲ့သည်။

အသက်ရှင် ကျန်ရစ်သူများထဲမှ တစ်ဦးက “ကျွန်တော် ကံအကောင်းဆုံးသူ အဖြစ် ဒီနေရာမှာ ရှိနေတဲ့အတွက် ဂုဏ်ယူပါတယ်” ဟု ပြောသည်။

အမေရိကန် မရိန်းတပ်သားများ၊ ရေတပ်သားနှင့် စစ်သား ၂၄၀၀ ခန့်သည် ပုလဲဆိပ်ကမ်း ဗုံးကြဲ တိုက်ခိုက်ခံ ရမှု၌ သေဆုံးခဲ့ပြီး ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်တွင် အိုအာဟူ ကျွန်းပေါ်ရှိ အခြား စစ်ဘက်ဆိုင်ရာ နေရာများလည်း တိုက်ခိုက်ခံခဲ့ရကာ အမေရိကန်အား ဒုတိယ ကမ္ဘာစစ်သို့ ရောက်ရှိလာစေခဲ့သည်။

ဒီဇင်ဘာလ ၇ ရက်နေ့တွင် အသက်ရှင်လွတ်မြောက်လာသူ ဒါဇင် အနည်းငယ်တို့သည် ဟာဝိုင်အီကျွန်းရှိ ပုလဲဆိပ်ကမ်းတွင် စုဝေးကြပြီး စစ်မှုထမ်းခဲ့သူများအား အောက်မေ့သတိရခြင်း ပြုလုပ်ခဲ့သည်။ (Xinhua)