Connect with us

North America

ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်း၌ သေနတ်ပစ်ခတ်မှု ကျူးလွန်သူ နှစ်ဦးအား အသေဖမ်းဆီးရမိပြီး ဖောက်ခွဲရေး ပစ္စည်းများ တွေ့ရှိ

သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သော အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်း ဆန်ဘားနာ ဒီနိုမြို့ ရှိ လူမှုရေး ဝန်ဆောင်မှု စင်တာအားတွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလစ်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်း ဆန်ဘားနာ ဒီနိုမြို့ လူမှုရေး ဝန်ဆောင်မှု စင်တာ အတွင်း ဒီဇင်ဘာလ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် သေနတ် ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၄ ယောက် သေဆုံးခဲ့ပြီး ၁၇ ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း နှင့် ပစ်ခတ်မှု ကျူးလွန်သူ အမျိုးသား တစ်ယောက် နှင့် အမျိုးသမီး တစ်ယောက်အား အသေ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆန်ဘားနာ ဒီနိုမြို့ ရဲတပ်ဖွဲ့အကြီးအကဲ ဂျာရတ် ဘာဂူအန် (Jarrod Burguan) က ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် ကုန်းတွင်းပိုင်း ဒေသဆိုင်ရာ စင်တာ အတွင်း ရဲတပ်ဖွဲ့မှ ဖောက်ခွဲရေး ကိရိယာ အဖြစ် ယူဆရသည့် ပစ္စည်းအား ရှာဖွေတွေ့ရှိခဲ့ပြီး ထိုအဆောက်အဦးအား ရှာဖွေမှုများ ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း သတင်းစာ ရှင်းလင်းပွဲ ၌ ပြောကြားခဲ့သည်။

အသေ ဖမ်းဆီးရမိသည့် ကျူးလွန်သူ နှစ်ယောက်သည် ရိုင်ဖယ် သေနတ်များနှင့် လုပ်သေနတ်များ အား ကိုင်ဆောင်ထားကြောင်း သိရသည်။ ၎င်းတို့သည် အခင်းဖြစ်ပွားရာ နေရာနှင့် မိုင်များစွာ ဝေးသည့် လူနေ ဧရိယာအတွင်း ရဲတပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုအတွင်း နှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း သိရသည်။

FBI လက်ထောက် ဒါရိုက်တာ ဒေးဗစ် ဘူဒစ်ချ် (David Boudich) က အဆိုပါ ပစ်ခတ်မှုသည် အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု ဟုတ်၊ မဟုတ် ခွဲခြားနိုင်ရန် မသေချာသေးကြောင်းနှင့် အခြား ထင်ရှားသည့် အထောက်အထားများ လိုအပ်နေသေးကြောင်း ပြောကြားခဲ့သည်။ပစ်ခတ်မှုအတွင်း ရဲအရာရှိ တစ်ယောက် ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်းသိရသည်။
ရဲတပ်ဖွဲ့ က ကျူးလွန်သူများသည် ပြောင်းရှည် သေနတ်များ၊ မျက်နှာဖုံးများ၊ ကျည်ကာ အင်္ကျီများ ဝတ်ဆင်လာကာ ကြိုတင် ပြင်ဆင်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့သည် ဆန်ဘားနာ ဒီနို ကျန်းမာရေးဋ္ဌာန မှ ငှားရမ်းထားသည့် ညီလာခံ အခန်းအတွင်းသို့ အတင်း ဝင်ရောက်လာပြီး စတင် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှု ဖြစ်ပွားစဉ် အဆောက်အဦအတွင်း ၌ လူရာပေါင်းများစွာ ရှိနေပြီး အများစုမှာ အပြင်သို့ ထွက်ပြေးလာနိုင်၍ ထိခိုက်မှု မရှိခဲ့ကြောင်းသိရသည်။
အမေရိကန် သမ္မတ ဘားရက် အိုဘာမား (Barack Obama) က ပစ်ခတ်မှုနှင့် ပတ်သက်၍ အမိမြေ လုံခြုံရေး အရာရှိများ နှင့် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။ ၎င်းက အခြား နိုင်ငံများတွင်လည်း ထိုကဲ့သို့ ဖြစ်ပွားခြင်း မရှိသောကြောင့် ယခုဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအား သာမန်ရိုးကျ ဖြစ်စဉ်တစ်ခုအနေဖြင့် မတွေးထင်သင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117