Connect with us

North America

အမေရိကန်နိုင်ငံတောင်ပိုင်းတွင် ရထားနှင့် ထရပ်ကားတိုက်မှုကြောင့် လူ ၂ ဦးသေဆုံး

Trinity Railway Express ရထား တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟူစတန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတောင်ပိုင်း တက္ကဆက်ပြည်နယ်တွင် သြဂုတ်လ ၂၅ ရက် နေ့လယ်ပိုင်းက ရထားတစ်စင်းအား ထရပ်ကားငယ်တစ်စီးက ဝင်တိုက်ခဲ့ရာ လူ ၂ ဦးသေဆုံးခဲ့ပြီး အခြားသူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများ၏ ပြောကြားချက်အရ ယာဉ်တိုက်မှုကြောင့် ထရပ်ကား ပြတင်းပေါက်များ ပေါက်ကွဲထွက်ပြီး မီးရထားစက်ခေါင်းရှေ့ပိုင်း ပျက်စီးသွားခဲ့ကြောင်း လမ်းပိုင်းတစ်ခုမှ ၁ ကီလိုမီတာခန့်၌ ရပ်တန့်သွားခဲ့ကြောင်း သိရသည်။အဆိုပါ ယာဉ်တိုက်မှုသည် တက္ကဆက်ပြည်နယ်၏ စီးပွားရေးအရာ အရေးပါသောနေရာဖြစ်သော ဒါးလက်စ်မြို့ အနောက်ဘက် ၃၅ ကီလိုမီတာခန့်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်း ဖြစ်ရပ်ကြောင်လူ ၅၀ ခန့် လိုက်ပါလာသော Trinity Railway Express ရထားမှ လူ ၁၁ ဦးအား ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ယင်းအနက် ၂ ဦးမှာ စိုးရိမ်ဖွယ် အခြေအနေတွင်ရှိကြောင်း သိရသည်။အစောပိုင်းသတင်းများအရ ရထားနှင့်တိုက်မိသည့် ထရပ်ကားသည် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အတွင်း၌ လူ ၂ ဦးသေဆုံးကြောင်း ဖော်ပြထားသည်။ရထားနှင့် ထရပ်ကားတိုက်မှုဖြစ်ပွားရသည့်အကြောင်းရင်းအား ရှင်းလင်းစွာ မသိရသေးကြောင်း၊ ဤနေရာ၌ ယခုလို ရထားနှင့် တိုက်မိရခြင်းမျိုး မဖြစ်ပွားသည်မှာ ကြာပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ (Xinhua)