Connect with us

North America

အမေရိကန်နိုင်ငံ၌ ယခုနှစ် ဆောင်းရာသီကာလတွင် တုပ်ကွေးကြောင့် သေဆုံးသူ ကလေးငယ် ၁၀၅ ဦးရှိပြီဖြစ်ကြောင်း အမေရိကန် ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ ဆို

အမေရိကန်နိုင်ငံ မန်းန်ဖစ်စ်မြို့(Memphis)တွင် ဇန်နဝါရီ ၂၃ ရက်က တုပ်ကွေးရောဂါကာကွယ်ဆေး ထိုးပေးနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) 

အမေရိကန်နိုင်ငံ၌ ယခုနှစ်တွင် ဖြစ်ပွားသည့် ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ကလေးငယ် ၁၀၅ ဦး ရှိပြီဖြစ်ကြောင်း အမေရိကန် ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ (CDC) ၏ ဖေဖော်ဝါရီ ၂၁ ရက်က ထုတ်ပြန်သည့် သတင်းအရ သိရသည်။ 

၎င်းအရေအတွက်သည်  အမေရိကန်နိုင်ငံတွင် ၂၀၀၄ ခုနှစ်မှစ၍ တုပ်ကွေးရောဂါဆိုင်ရာ စာရင်းပြုစုခဲ့သည့် ကာလတစ်လျှောက် ကလေးငယ်သေဆုံးမှု ဒုတိယအများဆုံး အရေအတွက် ဖြစ်ကြောင်း သိရသည်။ ယခုနှစ် ဆောင်းတုပ်ကွေးရာသီကာလတွင် အမေရိကန်နိုင်ငံ၌ တုပ်ကွေးရောဂါဖြစ်ပွားသူ အနည်းဆုံး ၂၉ သန်း ရှိပြီး ၎င်းတို့အနက် ၁၆,၀၀၀ ဦး မှာ တုပ်ကွေးရောဂါနှင့်ဆက်စပ်သည့် ရောဂါကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

 အမေရိကန်နိုင်ငံ မန်းန်ဖစ်စ်မြို့(Memphis)တွင် ဇန်နဝါရီ ၂၃ ရက်က တုပ်ကွေးရောဂါကာကွယ်ဆေး ထိုးပေးနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

 ဖေဖော်ဝါရီ ၁၅ ရက် အထိဆိုရလျှင် အမေရိကန်နိုင်ငံသား ၁ သိန်းတွင် ၄၇ ဦးခန့်သည် တုပ်ကွေး ကြောင့် ဆေးရုံတွင် ဆေးကုသမှု ခံယူရကြောင်း၊ လွန်ခဲ့သော နှစ်များနှင့် အရေအတွက် သိပ်မကွာသော်လည်း လူငယ်လူရွယ်နှင့် ကလေးငယ်များ၏ ဆေးရုံတက်နှုန်းမှာ ပြီးခဲ့သောနှစ်ကာလတူထက် မြင့်မားလာကြောင်း စာရင်းကိန်းဂဏန်းများအရ သိရသည်။ အမေရိကန် ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ (CDC)၏ ခန်းမှန်းချက်များအရ ၂၀၁၀ ပြည့်နှစ်မှစ၍ အမေရိကန်နိုင်ငံ၌ နှစ်စဉ်တုပ်ကွေးရောဂါဖြစ်ပွားသူ ၉ သန်းမှ ၄၅သန်း ခန့်ရှိ ရာ တုပ်ကွေးရောဂါနှင့်ဆက်စပ်၍ သေဆုံးသူ အရေအတွက်မှာ ၂၂,၀၀၀ မှ ၆၁,၀၀၀ ခန့် ရှိကြောင်း သိရသည်။ (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117