Connect with us

North America

အလက်စကာ တွင် အင်အား ၆.၁ ပမာဏရှိ ငလျင်ပြင်း တစ်ခုလှုပ်ခတ်၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်ခြင်းမရှိ

ငလျင်တိုင်းတာမှု ပုံစုံတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆန်ဖရန်စစ္စကို၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် North Slope ခရိုင် ရှိ Kaktovik မြို့ အနောက်တောင်ဘက် ၆၄ကီလိုမီတာအကွာ တွင် သြဂုတ် ၁၂ ရက် ဂရင်းနစ် စံတော်ချိန် ၁၄း၅၈း၅၃နာရီတွင် ရစ်ချ်တာစကေး ၆.၁ ပမာဏရှိ ငလျင်ပြင်းတစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးအဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ ငလျင်သည် မြောက်လတ္တီကျု ၆၉.၆၂၄ဒီဂရီ၊ အနောက် လောင်ဂျီကျု ၁၄၅.၂၄၇ဒီဂရီ ရှိ မြေပြင်အနက် ၉.၉ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလက်စကာ မြေငလျင်စခန်း က ရစ်ချ်တာစကေး ၃.၁ နှင့် ၄.၉ ကြားရှိသည့် နောက်ဆက်တွဲ ငလျင် ၁၃ခု အသီးသီးလှုပ်ခတ်ခဲ့သည်ကို မှတ်သားထားခဲ့ကြောင်း ပြောကြားခဲ့သည်။

သြဂုတ် ၁၂ ရက်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဆူနာမီသတိပေးချက်ထုတ်ပြန်ခြင်းမရှိကြောင်း အမေရိကန်နိုင်ငံ အမျိုးသားသမုဒ္ဒရာ နှင့် လေထုဆိုင်ရာ ဦးစီးဌာန ကပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၉ ရက်နေ့တွင်လည်း အလက်စကာပင်လယ်ကွေ့တွင် အင်အား ၇.၉ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး အလက်စကာ တောင်ပိုင်း ကမ်းရိုးတန်းကို ဆူနာမီရိုက်ခတ်နိုင်ကြောင်း မိုဘိုင်းဖုန်းမှ တစ်ဆင့် သတိပေးချက်များ ထွက်ပေါ်ခဲ့၍ အချို့နေရာများရှိ ဒေသခံများအကြား စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117