Connect with us

North America

အလယ်အလတ် အရွယ်အစားရှိသော ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်လုံး လာမည့်လအတွင်း ကမ္ဘာနှင့် အနီးဆုံးနေရာမှ ဘေးကင်းစွာဖြင့် ဖြတ်သန်းသွားမည်ဟုဆို

ကမ္ဘာဂြိုဟ်သို့ ချဉ်းကပ်လာနေသော 2002 AJ129 ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

အလယ်အလတ် အရွယ်အစားရှိပြီး ကမ္ဘာနှင့် နီးကပ်သော ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်လုံးသည် ဖေဖော်ဝါရီလတွင် ကမ္ဘာဂြိုဟ်အနီးသို့ ရောက်ရှိလာမည်ဖြစ်သော်လည်း တိုက်မိမည့် အခွင့်အလမ်းမရှိကြောင်း အမေရိကန်နိုင်ငံ အမျိုးသား လေကြောင်းနှင့် အာကာသအုပ်ချုပ်ရေးအဖွဲ့ (NASA) က ဇန်နဝါရီလ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

2002 AJ129 ဟုအမည်ပေးထားသော အဆိုပါ ဂြိုဟ်သိမ်သည် ကမ္ဘာနှင့် နီးသော ဂြိုဟ်သိမ်များအဖြစ် နာဆာက သတ်မှတ်ထားပြီး အန္တရာယ်ရှိနိုင်သည့် ဂြိုဟ်သိမ်ဂြိုဟ်မွှား (Potentially Hazardous Asteroid= PHA) အဖြစ် အမျိုးအစားသတ်မှတ်ထားကြောင်း သိရသည်။

သို့သော်လည်း 2002 AJ129 သည် အမှန်တကယ်၌ ကမ္ဘာကြီးအား ခြိမ်းခြောက်မည်မဟုတ်ကြောင်း၊ လက်ရှိတွင် ဂြိုဟ်သိမ်ဂြိုဟ်မွှားများနှင့် ကြယ်တံခွန် ၁၀၀၀ ကျော်အနက် တစ်ခုဖြစ်သော ထို ဂြိုဟ်သိမ်ဂြိုဟ်မွှားအား PHA အဆင့်မှ လျှော့ချလိုက်ပြီဖြစ်ကြောင်း သိရသည်။

“ဒီဂြိုဟ်သိမ်ရဲ့ လမ်းကြောင်းကို လွန်ခဲ့တဲ့ ၁၄ နှစ်ကျော်ကတည်းက ကျွန်တော်တို့ ခြေရာခံလိုက်နေတဲ့အတွက် သူ့ရဲ့ ဂြိုဟ်ပတ်လမ်းကြောင်းကို ကျွန်တော်တို့ မလွဲတမ်း သိနိုင်တာပေါ့။ ကျွန်တော်တို့ရဲ့ တွက်ချက်မှုအရ ဒီ 2002 AJ129 ဂြိုဟ်သိမ်ဟာ ဖေဖော်ဝါရီလ ၄ ရက် သို့မဟုတ် လာမည့် နှစ် ၁၀၀ ကျော်အတွင်း ကမ္ဘာနဲ့ တိုက်မိနိုင်ခြေ သုည (ဝ) ဖြစ်ကြောင်း ခန့်မှန်းထားတယ်” နာဆာ၏ Jet Propulsion ဓာတ်ခွဲခန်းရှိ ကမ္ဘာနှင့် နီးသော အရာဝတ္ထုများလေ့လာရေး စင်တာ မန်နေဂျာ ပေါလ်ချိုဒက်စ် (Paul Chodas) က သတင်းထုတ်ပြန်ချက်၌ ပြောကြားထားသည်။

အကျယ်အားဖြင့် ဝ.၅ ကီလိုမီတာမှ ၁.၂ ကီလိုမီတာအတွင်းရှိသော ယင်း ကျောက်ဆိုင်ခဲသည် ဒူဘိုင်းရှိ ကမ္ဘာ့ အမြင့်ဆုံး အဆောက်အဦ Burj Khalifa နှင့်နှိုင်းယှဉ်ပါက ဝ.၈၂ ကီလိုမီတာခန့် ပိုရှည်သည်ဟု ဆိုသည်။

အဆိုပါ ဂြိုဟ်သိမ်အား ၂၀၀၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်တွင် နာဆာ၏ ထောက်ပံ့မှုဖြင့် ပြုလုပ်ခဲ့သော ဟာဝိုင်အီကျွန်း Haleakala ရှိ Maui လေကြောင်း စောင့်ကြည့်ရေးလုပ်ငန်းရှိ ကမ္ဘာနှင့်နီးသော ဂြိုဟ်သိမ်ဂြိုဟ်မွှားအား ခြေရာခံခြင်း စီမံကိန်းက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယင်း ဂြိုဟ်သိမ်သည် ကမ္ဘာသို့ ဖေဖော်ဝါရီလ ၄ ရက် ပစိဖိတ်ဒေသစံတော်ချိန် ညနေ ၁း၃၀ နာရီအချိန်၌ ကီလိုမီတာ ၄.၂ သန်း အတွင်း ဖြတ်သန်းသွားမည် ဖြစ်သည်။

ထို ဂြိုဟ်သိမ်သည် ကမ္ဘာနှင့် အနီးကပ်ဆုံး ချဉ်းကပ်စဉ် ဂြိုဟ်၏ အရှိန်မှာ တစ်စက္ကန့်လျှင် ၃၄ ကီလိုမီတာရှိပြီး ကမ္ဘာအနီးလည်ပတ်နေသော အဓိက အရာဝတ္ထုများထက် ပို၍ ပေါ့ပါးကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117